Curam 625 mg ပဋိဇီဝဆေး

ဆရာ မင်္ဂလာပါရှင့် ကျွန်မကတော့ အသက် ၂၆ နှစ် အပျိုပါရှင့် အာသီးနားမှာ ပြည်တည်လို့ ဆရာဝန်က Curam 625 mg သောက်ခိုင်းပါတယ်ရှင့် ဆေးသောက်ပြီး နှလုံးခုန်နှုန်းမြန်ပြီး အသက်ရှုမဝဘူးရှင့် နေလို့မကောင်းလို့ရှင့် ဆေးကြောင့် Side Effect လားရှင့် လူက အစားလဲ သိပ်မစားနိုင်ဘူးရှင့် ကျေးဇူးပြုပြီး ဖြေပေးပါဆရာ

Curam 625 mg ထဲမှာ Amoxycillin (500mg) + Clavulanic Acid (125mg) ဆေးတွေပါတယ်။ ပဋိဇီဝဆေးတွေ ဖြစ်တယ်။
Amoxicillin ဘေးထွက်သက်ရောက်မှုများ
Diarrhea ဝမ်းပျက်
stomach upset ဗိုက်အောင့်
headache ခေါင်းကိုက်
abnormal taste sense အရသာပျက်
skin rash အရေပြားအနီပြင်ထွက်
vaginal yeast infection ဗဂျိုင်းနား မှိုပိုးဝင်ခြင်း။

Clavulanic Acid ဘေးထွက်သက်ရောက်မှုများ
severe skin rash အရေပြားအနီပြင်ထွက်
itching ယား
hives အင်ပြင်ထွက်
difficulty breathing or swallowing အသက်ရှူခက် မျိုးရခက်
wheezing ရင်ကျပ်
vaginal itching and discharge ဗဂျိုင်းနား မှိုပိုးဝင်ခြင်း
yellowing of the skin or eyes အသားဝါခြင်း။

ဆေးသောက်ပြီးမှာ ရရစ်မပါတာ ထည့်လိုက်တယ်။ ပ နဲ့ ဖ မှာ ရရစ်မထည့်တာ ကူးစက်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး