A Bird ငှက်ကလေး၏ ပရိုဖိုင်းလ်ပုံ

ကွန်မင့်တခုကို ဖုန်းကနေဖတ်မိတယ်။ ဆရာက ဆရာ့အထက်ငှက်ဘဲရှိတော့တာဆိုတော့ သူများပြောတာအမှား ဆရာ့ အတ္တနောမတိကမှ အမှန်ပါလား တဲ့။

ငှက်ဖျားသတ်ပုံမှားရေးတာ ပြောသလားလို့ ပြန်စစ်နေမိတယ်။ အချိန်ကုန်ရော။

ငှက်ကလေး၏ ပရိုဖိုင်းလ်ပုံ စာတိုလေးကို လွန်ခဲ့တဲ့ လေးနှစ်က ရေးထားတယ်။

ကျွန်တော် အမေရိကရောက်နေပါသည်။ နော်ဝေလူမျိုး ပြဇာတ်ဆရာ၊ ဒါရိုက်တာ၊ ကဗျာဆရာ ဟဲနရစ် ဂျိုဟန် အဘ်ဆန်က ရေးတာတခုရှိတယ်။ တောထဲက ငှက်ဆိုတာ ဘယ်တော့မှ လှောင်အိမ် မကြိုက်ပါတဲ့။

ရာသီဥတုသာယာနေတဲ့အချိန်မျိုးမှာ ငှက်ကလေးတကောင် သစ်ကိုင်းလေးပေါ်နားနေတာကို မြင်သူတိုင်းက ကြည်နူးကြတယ်။ အဲဒီငှက်လေး အသိုက်ဖျက်ခံရတာတော့ မသိလိုက်ကြပါ။ အစာရှာမရခဲ့တာကိုလည်း မသိလိုက်ကြပါ။ လောက်စာလုံးစာ မိတုန်းကလည်း လူသူမသိရှာ။ ငှက်ကလေးဟာ သူဖြစ်ပျက်တာတွေတိုင်းမှာ ဆယ်လ်ဖီးမရိုက်ပါ။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆
၂၄-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး