Coronavirus And Pregnancy ကိုရိုနာဗိုင်းရပ်စ် နှင့် ကိုယ်ဝန်
ကွန်မင့်တခု တွေ့တယ်။ စိတ်ဆင်းရဲလိုက်တာ လူတွေကိုယ့် ကိုမြင်ရင် သတိထား နော် ဗိုက်ကြီးသည်တွေက ပိုပြီး ကူးစက်လွယ်တယ်တဲ့ အဲလို လာလာပြောနေကြလို့ တဲ့။
ဆောရီး။ အဲတာ လိမ်တာ။
အခုထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်အရေအတွက် အတော်နည်းတယ်။ ကိန်းဂဏန်း မရှိသေးပါ။ ပြီးခဲ့တဲ့အပတ်က ဗြိတိန်မှာ ကလေးမွေးတဲ့သတင်းထွက်စဉ်က တင်ထားတယ်။ ၄ ရက်ရှိပြီ။
ဘာမဆို တိတိကျကျ စာရင်းဇယားနဲ့ သုတေသနနဲ့လုပ်တဲ့ ယူအက်စ်အေမှာ မနေ့က ဆောင်းပါးတခုနဲ့ ဒီနေ့တခု တွေ့တယ်။ ဆောင်းပါးက ရောဂါကအသစ်ဖြစ်လို့ တိတိကျကျဘာမှ မသိနိုင်သေးပါတဲ့။
CDC ခေါ် ရောဂါ ထိန်းချုပ်ရေးဌာနက ကိုရိုနာဗိုင်းရပ်စ်နှင့် ကိုယ်ဝန် အပြည့်အစုံတင်ထားတာရှိတယ်။ ဘာသာ မပြန်အားသေးပါ။
အခုဆိုးနေတဲ့ အီတလီမှာ သေဆုံးသူတွေထဲမှာ ယောက်ျားဦးရေက မိန်းမဦးရေထက် ၂ ဆများတယ်။
ကိုယ်ဝန်ဆောင်နေသူဟာ တခြားလူတွေထက်တော့ ပိုသတိထားရမယ်။
ကျွန်တော်လည်း အခုရေးတာထက် ပိုမသိပါ။ ဆောရီး။ မြန်မာပြည်က ဖေ့စ်ဘွတ်သုံးသူတချို့က WHO ထက် တတ်ကြတယ်၊ CDC ထက် တော်ကြတယ်လို့ မထင်ပါ။
မသိပဲ ပြောချင်စိတ်တွေ နည်းပါစေသတည်း။ ကိုယ်ဝန်ဆောင်တွေ နေကောင်းကြပါစေ။
Coronavirus - Pregnant women and Babies ကိုရိုနာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်နှင့် ကလေး https://doctortintswe.blogspot.com/2020/03/coronavirus-pregnant-women-and-babies.html
ဒေါက်တာတင့်ဆွေ
၂၀-၃-၂၀၂၀

Comments
Post a Comment