Covid-19 နိုင်ငံခြားပြန်တွေတဲ့

နှစ်ယောက်ဆီက ကိုဗစ်-၁၉ ကူးစက်ခံရတာ တွေ့ပါသတဲ့။ ဆောရီး။

သတင်းတင်တာတွေ တမျိုး ဆန်းလာတော့မယ်။ မတွေ့ဘူးဆိုတုန်းက မတွေ့ရကောင်းလားလို့ ရေးသူတွေက ဘာတွေ ရေးလာကြမလဲ မသိ။ ဘာတွေ မဟုတ်ကဟုတ်က ရေးရေး ကာကွယ်နည်းကတော့ ဈေးဆစ်လို့မရပါ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း
၁။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ ရှိရင် Sanitizer လက်ဆေးရည် သုံးပါ)
၂။ ချောင်းဆိုး နှာချေတိုင်း ဖုံးထားပါ
၃။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)
၎။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့
၅။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့
၆။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ
၇။ ကူးစက်မှုရှိတဲ့အရပ်ဒေသတွေမှာ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ
၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ
၉။ အိမ်ပြင်ထွက်ရတိုင်း လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။
၁၀။ မမှန်တာ မဟုတ်တာ လိမ်တာတွေ မယုံပါနဲ့။ မပြောပါနဲ့။

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး