Disinfecting surfaces to prevent the spread of coronavirus ကိုရိုနာဗိုင်းရပ်စ်အတွက် မျက်နှာပြင်များ သန့်ရှင်းရေး

ကိုရိုနာဗိုင်းရပ်စ်အတွက် လက်နက်ကြီး လက်နက်ငယ်တွေ သုံးရမယ်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ရေးထက် အရေးပါတာ မရှိ။ လူတဦးစီကွယ်နည်းစာ ခဏခဏ ထပ်ခါထပ်ခါ တင်ထားတယ်။ မျက်နှာပြင်တွေသန့်ရှင်းနည်းလည်း ခဏခဏ ထပ်ခါထပ်ခါ တင်ထားတယ်။ အခုတခါ အပြင်မှာ ဘယ်လိုသန့်မလဲ။

ဒီပိုးဟာ မျက်စိနဲ့မမြင်ရလောက်အောင် သေးငယ်တဲ့ အမှုန်အမွှားလေးတွေကနေ ကူးစက်တယ်။ Droplets လို့ခေါ်တယ်။ ပိုးရှိနေသူက ချောင်းဆိုတိုင်း နှာချေတိုင်း ထွက်လာတယ်။ အဲတာတွေက သူ့အနားမှာ ရှိတာမှန်သမျှရဲ့ အပေါ် အထဲ အောက် ဘေးကို ရောက်လာတယ်။ အဲဒီနေရာတွေကို ရှူမိ ထိကိုင်မိကြမယ်။ ရှူမိသူ ထိကိုင်မိသူရဲ့ အသက်ရှူလမ်းထဲ ဝင်တာနဲ့ ကူးစက်တယ်။ နှာခေါင်း ပါးစပ် မျက်စိ။

မျက်နှာပြင်တွေသန့်ရှင်းရေးအတွက် ဆပ်ပြာကောင်းတယ်။ diluted bleach solution ဘလိခ်ျ ခေါ် ချွတ်ဆေးကို ရေနဲ့ရော သုံးနိုင်တယ်။ အဲဒီ ၂ မျိုးကို indoor surfaces ခေါ် အိမ်တွင်း ရုံးတွင်း ကျောင်းတွင်း အလုပ်ရုံတွင်း မျက်နှာပြင်တွေအတွက် သုံးရတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ enveloped viruse အမျိုးအစားဖြစ်တယ်။ အပြင်ကဖုံးအုပ်ထာတဲ့အကာပါတယ်။ protective fat layer ခေါ် အကာအကွယ်အဆီလွှာဖြစ်တယ်။ Disinfectants ခေါ် ပိုသတ်ဆေးတွေကနေ အဲဒီအကာလွှာကို ဖျက်ဆီးစေနိုင်တယ်။

ကိုဗစ်-၁၉ ဗိုင်းရပ် ဘယ်နေရာမျိုးမှာ ဘယ်လောက်ကြာ ရှင်နေနိုင်သလဲ
၁။ လေထဲမှာ ၃ နာရီကြာ၊
၂။ သံမဏိနဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၂-၃ ရက်ကြာ၊
၃။ နောက်သုတေသနတခုအရ သံမဏိနဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်ကြာအထိရှင်တာတွေ့ရတယ်။
၎။ နောက်သုတေသနတခုအရ လူ့အညစ်အကြေးထဲမှာလည်းပါနေနိုင်လို့ တကိုယ်ရေသန့်ရှင်းရေး အရေးကြီးတယ်။
၅။ အမေရိကန် CDC အဆိုအရ သောက်ရေ၊ ရေကူးကန်၊ ရေချိုးကန်တွေကနေ မကူးစက်ပါ။

Outdoors အပြင်မှာ ဘယ်လိုသန့်မလဲ

၁။ sodium hypochlorite ခေါ် bleach အိမ်သုံးချွတ်ဆေးကို ရေနဲ့ရောသုံးနိုင်တယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ အပြင်အကာကို ဖျက်ဆီးနိုင်သလား မသေချာ။ Bleach ဟာ နေရောင်ထဲက UV light နဲ့တွေ့ရင် ပျက်စီးတယ်။
၂။ ကံကောင်းတာက အဲဒီ UV light က ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တယ်။
၃။ လူတွေကလည်း အိမ်ပြင်မှာ ရှိတာတွေကို ထိကိုင်တာ နမ်းတာ မလုပ်ကြပါ။

သတိထားရမှာက
၁။ ဘလိခ်ျကို ရှူမိရင် နေမထိထိုင်မသာ ခံစားရတယ်။ အဲတာကလည်း အသက်ရှူလမ်းကို ဒုက္ခပေးတယ်။ တချို့ ပန်းနာထတယ်။
၂။ အိမ်ပြင်နေရာတွေကို ခဏခဏပိုးသေဆးဖြန်းတာ မှုတ်တာ မသင့်ပါ။

Hand Sanitizer လက်ဆေးရည် https://doctortintswe.blogspot.com/2020/03/hand-sanitizer.html
Routine Cleaning and Disinfection of Households ကိုရိုနာဗိုင်းရပ်စ်အတွက် အိမ်တွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2020/03/routine-cleaning-and-disinfection-of.html
Bleach ဆိုတာဘာလဲ https://doctortintswe.blogspot.com/2020/03/bleach.html

ဒေါက်တာတင့်ဆွေ
၂၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး