Coronavirus Update ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်
• တကမ္ဘာလုံးမှာ ၂၀၉၀၀၀ ယောက် ကူးစက်ခံထားရ၊ ၁၀၀၀၀ ကျော်သေဆုံးပြီး။ ၈၇၀၀၀ ယောက်သက်သာပြီး။
• တာကီမှာ သေဆုံးသူ ၆၇ ယောက်။
• အစ်ဇရေးလ်မှာ ပဌမဆုံး ၁ ယောက် သေဆုံး။ ၇၀၇ ယောက် ကူးစက်ခံထားရ။ ၁၅ ယောက်သက်သာလာ။ ၁၀ ယောက် အခြေအနေဆိုး။
• ဇင်္ဘာဘွေမှာ ပဌမဆုံး ၁ ယောက် သေဆုံး။
• ပြင်သစ်မှာ ၇၈ ယောက်ထပ်မံသေဆုံး။ ၄၅၀ ရှိသွားပြီ။
• ယူကရိန်းမြို့တော် ကိယက်ဖ် အရေးပေါ်ကြောညာ။
• ယူကေမှာ စားသောက်ဆိုင်တွေ ဘားတွေ ဟော်တယ်တွေ ပိတ်လိုက်။
• အီတလီမှာ ၄၇၀၂၁ ယောက် ကူးစက်ခံရ။
• ယူအက်စ် စတော့ဈေး ကျဆင်း။
• အမေရိကန်ဒေါ်လာ ၇% ကျဆင်း။
• ယူအက်စ်မှာ မကြာမီ ၅ ယောက်မှာ ၁ ယောက် အိမ်ထဲမှာသာနေသင့်လို့ အကြံပြုချက် ထုတ်ရဘွယ်ရှိ။
• အမေရိကန် ဒုသမတရုံးတာဝန်ရှိသူတယောက် ကူးစက်ခံထားရ။
• အမေရိကန်သွေးလှူဘဏ်တွေ သွေးလှူသူ နည်းလာ။
• အီရန်မှာ ၁၉၀၀၀ ကျော်ကူးစက်ခံထားရ။ ၁၄၃၃ ယောက် သေဆုံး။
• ဒတ်ခ်ျမှာ ၃၀၀ ကျော်ကူးစက်ခံထားရ။
• မလေးရှား တတိယလူ သေဆုံး။ ကူးစက်သူ ၁၀၃၀ ယောက်။
• ဝူဟန်မှာ လူနာသစ်မတိုးတာ ၂ ရက်ရှိ။
• စင်္ကာပူမှာ လူနာသစ် ၄၀ ယောက်။
• စပိန်မှာ သေဆုံးသူ ၁၀၀၀ ကျော်ပြီ။
• ဘယ်လ်ဂျီယမ်မှာ ကူးစက်သူ ၂၀၀ ကျော်။ သေဆုံးသူ ၃၇ ယောက်။
• အင်ဒိုနီးရှားမှာ လူနာ ၃၆၉ ယောက်။ သေဆုံးသူ ၃၂ ယောက်။
• ဟောင်ကောင် လူနာသစ် ၄၈ ယောက်။
• ဖိလစ်ပိုင်မှာ ၂၃၀ ကူးစက်။ သေဆုံး ၁၈ ယောက်။
• ယူကေမှာ ၃၂၆၉ ယောက် ကူးစက်ခံထားရ။
• ဘူလ်ဂေးရိးယားအစိုးရက ကာကွယ်ရေးလုပ်ဆောင်ရန် လက်နက်အင်အားသုံးခွင့်ပေးလိုက်။
• ရုရှားမှာ ကာကွယ်ဆေးကို အကောင်တွေကို စတင်စမ်းသပ်နေပြီ။
• အီတလီမှာ သေဆုံးသူ ယောက်ျားတွေက အမျိုးသမီးတွေထက် ၂ ဆများ။
• WHO က လူရွယ်တွေလည်း ကူးစက်မှာမဟုတ်ဘူး မထင်သင့်လို့ သတိပေးလိုက်။
သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ မပို့ပါရန်။ ပို့စ်မှာမပါတဲ့ သတင်းတွေလည်း ရှိပါတယ်။
ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂၀၂၀
ညနေ ၇ နာရီ ၃၄ မိနစ်။

Comments
Post a Comment