Coronavirus ဆိုးတယ်ဟ ကောင်းတယ်ကွ ပြောတာ မှားတတ်တယ်

တခုသိချင်ပါတယ်ဆရာ။ တရုတ်မှာ ကူးစက်မှုကင်းစင်ပြီး လူနာလည်းမရှိတော့ဘူးလို့သိရပါတယ်။ အဲ့တာဆိုရင် သူတို့ဘယ်လို ထိန်းချုပ်ကုသလည်းဆိုတာ သိချင်ပါတယ်ခင်ဗျာ။

အဲလိုပြောတာ အတိအကျ မမှန်ပါ။ ဟူဘိုင်းမှာ လူနာသစ် မတွေ့တာ ကနေ့ထပ်မတွေ့ရင် ၃ ရက်။ တခြားနေရာတွေမှာ တွေ့နေသေးတယ်။ တပြည်လုံးကိုခြုံကြည့်ရင် အကျပိုင်းရောက်လာတာ မှန်တယ်။

အခုစာရေးနေတဲ့အချိန်
တကမ္ဘာလုံးမှာ
ကူးစက်မှု စုစုပေါင်း Coronavirus Cases: 319,676
သေဆုံးမှုပေါင်း Deaths: 13,699
ပြန်လည်ကောင်းမွန်လာသူပေါင်း Recovered: 96,006

တရုပ်ပြည်မှာ
ကူးစက်မှုပေါင်း 81,054
တိုးလာသူအရေအတွက် +46
သေဆုံးသူပေါင်း 3,261
တိုးလာတဲ့သေဆုံးမှုပေါင်း +6
ပြန်လည်ကောင်းမွန်လာသူပေါင်း 72,440
စိုးရိမ်ရဆဲလူနာပေါင်း 5,353
အရေးပေါ်ကုသပေးနေရသူပေါင်း 1,845

လွန်ခဲ့တဲ့နာရီ ၂၀ က တင်ထားတာထဲမှာ ပါတယ်။
၁။ Coronavirus Pandemic ကမ္ဘာ့ဂြိုလ်ကူးစက်ကပ်ရောဂါကြီး
၂။ မေးသူ ဖေ့စ်ဘွတ် Mark Elliot Zuckerberg မာ့ခ် ဇူကာဘတ်
၃။ ဖြေသူ ဆရာဝန် Dr. Fauci အမေရိကန် National Institute of Allergy and Infectious Diseases အလာဂျီနှင့် ကူးစက်ရောဂါများ အင်စတီကျု ဒါရိုက်တာ

အမေး
အခု ဘယ်ဆင့်ရောက်နေလဲ။

အဖြေ
နိုင်ငံအများစုကိုရောက်နေပြီ။ ဗဟိုချက်မနေရာ တရုပ်ပြည်ကနေ ဥရောပဆီရောက်တယ်။ ယူအက်စ်အေမှာ ပြည်နယ်အားလုံး။ တရုပ်ပြည်မှာ ၂ လခွဲကြာမှာ ထိပ်ဆုံးအမြင့်ထိရောက်ရာကနေ ကျလာတယ်။ ဒီမှာလည်း အတက်ပိုင်းမှာသာ ရှိသေးတယ်။ ၈ ပတ်အထိကြာ မကြာ မသိသေး။ လူတွေ ရုပ်ပိုင်းထိကပ်နေထိုင်မှု မလုပ်ကြခြင်းက အရေးကြီးတယ်။

ထပ်ရေးပါမယ်။ တရုပ်ပြည်မှာ အားမနာတမ်းပြောရရင် အစမကောင်းခဲ့ပါ။ နောက်ထိထိရောက်ရောက်ကြိုးပမ်းတယ်။ ၂ လခွဲကြာမှသာ အခုအခြေအနေရောက်တယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ထိထိရောက်ရောက်လုပ်မှသာ ၈ ပတ်အထိတက်ပြီးမှ တည်ငြိမ်တဲ့အဆင့် ရောက်မယ်။ အီတလီ၊  စပိန်၊ ယူအက်စ်အေ ဂျာမဏီ၊ အီရန်နဲ့ ပြင်သစ်မှာ ဆိုးနေဆဲ။

ဘယ်လိုထိန်းချုပ်သလဲ အများကြီး အမျိုးမျိုး။ ရေးတင်ထားပြီးပြီ။ ဆက်လုပ်နေကြတယ်။

ဘယ်အရာမဆို ခိုင်မာသေချာတဲ့အချက်အလက်တွေကို အခြေခံပြီး သင့်မှန်တဲ့ ကောက်ချက်ချကြရပါတယ်။ ထွက်လာတဲ့ သတင်းလေးတခုကြည့်ပြီး ဆိုးတယ်ဟ၊ ကောင်းတယ်ကွ ပြောတာ မှားတတ်တယ်။ သတင်းဆိုတာကလည်း မှန်ဦးမှ။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၂၀
နေ့ ၁၂ နာရီ ၂၂ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး