ရွာ့ပြင် ယာထဲ

ယင်းမာတွေက ဖူးဖူး
မုတ်သုန်လေက မြူးမြူး
ငွေမြားတံတွေ စူးစူး
တံတားဦးမှာ မိုးမှုန်မှုန်
စိမ့်စိမ့်အေးလို့ ချမ်းကာတုန်
စောင်ခြုံကွေးလို့ ထွေးမလုံ
မီးပုံမွှေးလို့ စုဝေးလှုံ
မီးပုံယာထဲ မိုးဖွဲဖွဲ
ကွမ်းငုံဝါးလို့ ပါးစောင်ခဲ
ဖိုးသာအောင်ရဲ့ တဖက်တဲ
အဖိုးယာထဲ ပျိုးတွေထောင်
ကန်စွန်း ကညွတ် ပဲ ချဉ်ပေါင်
ရုံပတီက သီးတွေအောင်
ပြာရောင်တိမ်မှေး မိုးကပြေး
အိမ်ပြန်မဝေး ညှင်းလေသွေး
ချဉ်ပေါင်တဆုပ် ပေးပါလေး။

၁၉၇၅ ခုနှစ် သြဂုတ်လထုတ် တေဇရုပ်စုံထဲက နုယဉ်ရေးတဲ့ ကဗျာ။

ခုခေတ်မှာ ဖိုးသာအောင်ရဲ့ တဖက်တဲ မရှိတော့ပါ။ ချဉ်ပေါင်တဆုပ် ပေးသူမရှိတော့ပါ။ ဆောရီးပါ ဖိုးသာအောင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး