Make Your Own Hand Sanitizer လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ

အခုမှသာ ရေးပါတယ်။ ရှာမရကြဘူးဆိုလို့သာ။ စိတ်ချရတဲ့ဆေးဆိုင်တွေကရောင်းတဲ့ ဟင်းဆင်နီတိုက်ဇာလောက်တော့ ပိုးတွေကင်းစေမယ်လို့ အာမမခံပါ။ ဘယ်အရာမဆို လေ့လာဆန်းစစ်မှုလုပ်ပြီးမှာ ထိရောက်တယ် မထိရောက်ဘူး ပြောလို့ ရပါတယ်။

ဟင်းဆင်နီတိုက်ဇာအစစ်က COVID-19 ကာကွယ်ရေးအတွက် ကောင်းပါတယ်။ သူ့ထက်ပိုကောင်းတာက လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးခြင်းဖြစ်ပါတယ်။

အရက်ပျံသုံးရမလား မေးကြတယ်။ အရက်ပျံဆိုတာ isopropyl rubbing alcohol USP ခေါ်တယ်။ 70% alcohol by volume (≈ 127º alcohol proof) of pure isopropyl alcohol ပါတာကို ခေါ်ပါတယ်။

Alcohol-based hand sanitizer ဟင်းဆင်နီတိုက်ဇာအစစ်ထဲမှာ အနည်းဆုံး 60% alcohol ပါတယ်။

လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ ဘာတွေသုံးမလဲ
၁။ isopropyl or rubbing alcohol (99 percent alcohol volume) အရက်ပျံ၊
၂။ aloe vera gel တဇောင်းလက်ပတ် ဂျဲလ်။

ပြုလုပ်နည်း (၁)
2:1 proportion of alcohol to aloe vera အယ်လ်ကိုဟော ၂ ဆ + တဇောင်းလက်ပတ် ဂျဲလ် ၁ ဆ။

ပြုလုပ်နည်း (၂)
3/4 cup of isopropyl or rubbing alcohol (99 percent) အရက်ပျံ ၄ ပုံ ၃ ပုံ ခွက်၊
1/4 cup of aloe vera gel တဇောင်းလက်ပတ် ဂျဲလ် ၄ ပုံ ၁ ပုံ ခွက်။
ခွက်သန့်တခုထဲမှာ အဲတာတွေကို ရောထည့်ပါ။ သန့်တဲ့ ဇွန်းနဲ့ ဂျဲလ် ဖြစ်လာတဲ့အထိ မွှေပါ။
ပုလင်းသန့်တခုထဲ ထည့်ထားပါ။ ပုလင်းမှာ လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ အမည်စာကပ်ပါ။

ပြုလုပ်နည်း (၃)
isopropyl alcohol or ethanol (91 percent to 99 percent alcohol) အရက်ပျံ ၂ ဆ +
aloe vera တဇောင်းလက်ပတ် ဂျဲလ် ၁ ဆ +
essential oil ဆီတမျိုးမျိုး (tea tree oil လက်ဖက်ပင်ဆီ သို့မဟုတ် lavender oil လာဗင်ဒါဆီ သို့မဟုတ် clove လေညှင်းဆီ သို့မဟုတ် eucalyptus ယူကလစ်ဆီ သို့မဟုတ် peppermint ငရုတ်ကောင်းစေ့ဆီ တမျိုးမျိုး)

ပြုလုပ်နည်း (၄) (အချိုးအဆ မတွေ့သေး၊ ဆောရီး)
isopropyl alcohol or ethanol အရက်ပျံ
hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
glycerol အလှဆီ
sterile distilled or boiled cold water ဆေးထိုးမိုးရေ သို့မဟုတ် ရေသန့်

လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ
၁။ ဆပ်ပြာနဲ့ ရေ ထက် ပိုမကောင်းပါ။
၂။ ဟင်းဆင်နီတိုက်ဇာအစစ်လောက် မကောင်းပါ။
၃။ ကလေးတွေကို မသုံးပါနဲ့။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး