Menu အရေမရ အဖတ်မရ

ငယ်ငယ်ကတည်းက ကြားနေရတဲ့အသုံးစကား။ ကိုယ်တိုင်လည်း သူများကို မှိုချိုးမျှစ်ချိုး ပြောဘူးတယ်။ ဆောရီး။ ဘာဟင်းလဲတော့ မသိ။

မေးတာတွေ ဖြေပြီးပြီ။ နှစ်ပတ်လည်စာလည်း ထပ်မတင်ချင်တော့။ မအိပ်ခင် သူများတွေတင်ထားတာ ပုဒ်ရေ ၅၀ လောက် ခေါင်းစဉ်တွေ ပုံတွေ လျှောက်ကြည့်တယ်။ သတင်းနဲ့ အချက်အလက်ပါတာ ၃-၄ ခုသာတွေ့တယ်။ အဲတော့မှ အရေမရ အဖတ်မရဟင်းကို သိတော့တယ်။ ဖေ့စ်ဘွတ်မီနူးပါလား။

ဂွတ်နိုက်။ စားလို့သောက်လို့ မြိန်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀
ည ၁ နာရီ ၂၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး