Friday, March 27, 2020

A Boiling Pot အပူသည်တွေနေတဲ့ တိုင်းပြည်

အမေရိကန်ရောက်မြန်မာဆေးပညာရှင်တွေ ကာယဉာဏလုပ်အားရှင်တွေကို သတင်းအတွက်မေးတိုင်း မြန်မာပြည်နဲ့ လူထုကို သူတို့သိပ်စိတ်ပူပန်ကြတာပဲ

ရေဒီယိုတခုမှာ တာဝန်ထမ်းနေသူတယောက်က သူ့ကိုယ်ပိုင်စာမျက်နှာမှာ တင်ထားတာ။

စိတ်ဆေးပညာမှာ စိုးရိမ်စိတ်လွန်ကဲခြင်းဆိုတာ ရှိတယ်။ အိုးကမပူ စလောင်းကပူလို့ မြန်မာဆိုရိုးစကားလည်း ရှိတယ်။

တကယ့်အဖြစ်ကတော့ အိုးလည်းပူ၊ စလောင်းလည်းပူ၊ ယောက်မလည်းပူ၊ လျှာလည်းပူ၊ အာလည်းပူ။

သူများတွေ ပူပန်နေချိန်မှာ မဟုတ်ကဟုတ်က မတော်တရော်ရေးနေသူတွေကလည်း တကယ်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...