ကိုရိုနာဗိုင်းရပ်စ်သည် ဆွမ်းကွမ်း ရှားပါးစေ၏

ဒီမြို့မှာသီတင်းသုံးတဲ့ ဆရာတော်တပါးက ရေးတယ်။ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေအားလုံး နေကောင်းကျန်မာကြပြီး ကူးစက်ခြင်းမခံရသူအပေါင်း ဒုက္ခရောက်နေကြ၏ တဲ့။

အဲဒီကိုယ်တော်ကပဲ အိမ်ပြင်မထွက်ရ အမိန့်မထွက်ခင်ကတည်းက ဆွမ်းပို့မလာကြပါနဲ့တော့လို့ စာထုတ်တယ်။

နောက်ကျောင်းက ဆရာတော်ကို သားတယောက်က ဘာလိုသေးလဲဘုရားလျှောက်တယ်။ ကွမ်းပါပဲဆိုလို့ ကွမ်းနဲ့ ဆိုင်တာလေးတွေ ဝယ်ကပ်ခဲ့ပါသတဲ့။

ဘုန်းကြီးကျောင်းတွေမှာ ဆင်နီတိုက်ဇာနဲ့ ဆပ်ပြာတော့ ရှိပါတယ်။ ကိုရိုနာသည် ဆွမ်းကွမ်း ရှားပါးစေ၏။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး