Coronavirus Questions ခဏခဏ ရေးတင်ထားပြီး ရေးပြီးသာမေးတာ တခုစီကို ပြန်ဖြေချိန် တကယ်ကိုမရှိပါ

၁။ မင်္ဂလာပါဒေါက်တာ၊ တစ်ခုလောက် မေးခွင့်ပြုပါခင်ဗျ၊ အခု မြန်မာပြည်မှာ တစ်ခါသုံး Face Mask တွေက ဝယ်ရတာ အဆင်မပြေတဲ့အပြင် ဈေးတွေက တော်တော်များနေတော့ ဖေ့ဘုတ်မှာ လူတစ်ယောက် တင်ထားတဲ့ Wet Tissue (တစ်ရှူးအစို) နဲ့ ယာယီသုံးဖို့ လုပ်ထားတဲ့ အကာအကွယ်က Covid19 ကို အနည်းငယ် အကာအကွယ်ပေးနိုင်လား၊ ပိုကူးစက် စေလား သိချင်လို့ပါဆရာ။ Virus က Wet Tissue လို စိုစွတ်တဲ့နေရာ မှာ ပိုမို ပေါက်ပွားလားလည်း သိချင်ပါတယ်ဆရာ၊ အဆင်ပြေတဲ့အချိန် ဖြေပေးပါခင်ဗျ။

၂။ ဆရာရှင့် အမျိုးသားက ဝန်ထမ်းဆိုတော့ နေ့စဉ်ရုံးတက်ရပါတယ်။ အပြင်ကပြန်လာရင် အဝတ်အစား တွေနဲ့ ဆိုင်ကယ်အတွက် ဘယ်လိုပိုးသတ်ဆေးမျိုး သုံးရပါမလဲရှင်။

၃။ ဆရာရှင့် သမီးက အသက် ၃၁နှစ်ပါ ခုလတ်တလောဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ covid 19 က ရေထဲမှာ အသက်ရှင်ပါသလား အသက်ရှင်နိုင်ရင်လည်း ဘယ်လောက်အချိန်ကြာကြာအသက်ရှင်နိုင်လဲ သိချင်ပါတယ်ရှင့်

၎။ ဆရာ ကျွန်တော့် အသက် 26 ပါ ယောက်ကျားလေးပါဆရာ virus က ပိုက်ဆံကနေကူးနိုင်လားဆရာ ကူးနိုင်တယ်ဆို ဘယ်လို save ဖြစ်အောင်လုပ်လို့ရမလဲဆရာ ပိုးက ပိုက်ဆံပေါ်မှာ ဘယ်နှစ်နာရီကြာ အသက်ရှင်နိုင်ပါလဲဆရာ ကျေးဇူးတင်ပါတယ်ဆရာ

၅။ ဆရာခင်ဗျ ဆရာက covid အကြောင်းနဲ့ပါတ်သတ်ပြီး ဘာမှမမေးပါနဲ့လို့ ဆိုပေမယ့် ၊ကျွန်တော်မေးချင်တာလေး တခုတော့ စိတ်ဆိုးပဲ ပြန်လည်ပြီး ကျေးဇူးပြုဖြေကြားပေးပါ ခင်ဗျား။ ကျွန်တော့်သမ္မီးလေးက ၁.၄.၂၀၂၀ မှ ၇ လ ပြည့်မှာပါ။ ဒီနေ့ သူ့အပူချိန်ကို ညနေပိုင်း ၆:ဝ၀မှာတိုင်းတာ ၉၉.၆ ဖြစ်လိုက် ၉၉.၄ ဖြစ်လိုက်နဲ့ နောက်ပိုင်းမှ ၉၈. ၂ ဖြစ် သွားပါတယ်ဆရာ၊ အခု aircon ခန်းမှာ ထားပြီးသိပ်တော့မှ အပူချိန်ကျသွားပါတယ်ဆရာ။ FB Page တခုမှာတော့ မွေးကင်းစကနေ ၉ နှစ်အရွယ်ထိ covid မဖြစ်နိုင်ဘူးဆိုတာ ဟုတ်နိုင်ပါသလား ဆရာ၊ ကျနော်က marketing သမားဆိုတော့ လူစည်ရာဈေးကွက်ထဲကို မသွားမဖြစ် သွားနေရသူဖြစ်တဲ့အတွက် ကလေးအတွက် စိုးရိမ်နေရပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းအတိုင်းလည်း သွားလာနေပေမယ့် ကလေးအတွက် စိုးရိမ်နေမိလို့ပါ ဆရာ။

၆။ Can Corona Virus be cleaned with patrol or diesel?

၇။ Covid 19 သည် အစားအသောက်မှကူးစက်နှိုင်ပါသလားခင်ဗျ ရှင်းပြထားပြီးသားဆိုလျင်လည်း ကျနော်၏ ရှာဖွေကြည့်ရှုမှုညံ့ဖျင်းခြင်းကြောင့်သာဖြစ်ပါတယ် ခင်ဗျ

1. Coronavirus and Foods ကိုရိုနာနဲ့ စားစရာ https://doctortintswe.blogspot.com/2020/03/coronavirus-and-foods_23.html
2. Coronavirus Hand Washing လက်ဆေးနည်း https://doctortintswe.blogspot.com/2020/03/coronavirus-hand-washing.html
3. Coronavirus Measures ကိုရိုနာဗိုင်းရပ်အတွက် ဆောင်ရွက်ချက်တွေ https://doctortintswe.blogspot.com/2020/03/coronavirus-measures_23.html
4. Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://doctortintswe.blogspot.com/2020/03/coronavirus-prevention_23.html
5. Coronavirus Spreads ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ https://doctortintswe.blogspot.com/2020/03/covid-19-spreads.html
6. Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ https://doctortintswe.blogspot.com/2020/01/coronavirus_30.html
7. Disinfecting surfaces to prevent the spread of coronavirus ကိုရိုနာဗိုင်းရပ်စ်အတွက် မျက်နှာပြင်များ သန့်ရှင်းရေး https://doctortintswe.blogspot.com/2020/03/dinfecting-surfaces-to-prevent-spread.html

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး