Calendar မြန်မာပြက္ခဒိန် ပျက်စီးလာခြင်း

ပြည်ပမှာနေရကတည်း နှစ်တိုင်း မြန်မာပြက္ခဒိန် လိုက်ရှာရတယ်။ အိန္ဒိယမှာနေစဉ်က ပြည်တွင်းကနေ မှာရတာ လွယ်တယ်။

ယူအက်စ်အေက ဆိုင်တွေမှာ ချင်းလူမျိုးအကြိုက် ပြက္ခဒိန်တွေသာ ရှိတယ်။ ကိုယ်သိချင်တဲ့ရက်တွေ မပါ။

တနှစ်ကတော့ စင်္ကာပူမှာနေတဲ့ သမီးလိုနေသူတယောက်က ပို့ပေးတယ်။ ဒီနှစ်တော့ လူကြုံနဲ့မှာတာ ပါမလာ။

အွန်လိုင်းမှာ လတိုင်းရှာရတယ်။ ပရင့်ထုတ် ကပ်ထားရတယ်။ အရင်လနဲ့ အခုလ မြန်မာပြက္ခဒိန်ရှာတာ အဆင်မပြေပါ။ များတော့ အများကြီး။ မြန်မာ ခုနှစ်တောင် မပါ။ မတ်လတုန်းက တိုင်းရင်းသားနှစ်ပတ်လည်နေ့တွေ မပါဘဲ တရုပ်နေ့ သုံးရက်ပါတယ်။ မျိုးချစ်စိတ်ပြောတာ မဟုတ်ပါ။

အမြဲစောင့်နိုင်တာ မဟုတ်ပေမဲ့။ ဥပုသ်နေ့တွေ သိချင်တယ်။ အရင်တုန်းကလို လပြည့် လကွယ်အမှတ်အသားတောင် မပါတဲ့ဟာ မပါ။ ဘာသာရေးလုပ်တာ မဟုတ်ပါ။

အဲလောက်အထိတော့ သရုပ်မပျက်သင့်လို့ ထင်တယ်။ နိုင်ငံရေးလုပ်တာ မဟုတ်ပါ။ ကိုယ့်နိုင်ငံရဲ့ ကောင်းမွန်တဲ့ အစဉ်အလာ ယဉ်ကျေးမှု။

ပြက္ခဒိန်ပျက်စီးလာခြင်းသည် လူမျိုးယိုယွင်းလာခြင်းကို ထင်ဟပ်နေပါ၏။

ပြည်ပနေရ ပြက္ခဒိန်ခက်ခဲလှ၏

ကွန်မင့်ကနေ ပုံတွေ လင့်တွေ ပို့ပေးကြတယ်။ ကျေးဇူး။ ဂူဂယ်လ်မှာ အဲတာတွေ တွေ့ပါတယ်။ လိုချင်တဲ့လ အရှာရ ခက်တယ်။ အေဖိုးတမျက်နှာ ပရင့်ထုတ်မရတာတွေက များတယ်။

ကျွန်တော့်အတွက် မျက်နှာဖုံး အရေးမကြီးပါ။ နှစ်တရာကို မှန်အောင်မရေးတာ မဖွင့်ပါ။

အခါကြီးရက်ကြီး၊ အဖိတ်ဥပုသ် သိချင်တာ။ ရှာရလွယ်တာ ပရင့်ထုတ်ရလွယ်တာ။

ပြက္ခဒိန်ပျက်စီးလာခြင်းသည် လူမျိုးယိုယွင်းလာခြင်းကို ထင်ဟပ်နေပါ၏။ ပြည်ပနေရ ပြက္ခဒိန်ခက်ခဲလှ၏။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Frog and Pond ခြေရာကွက်မှ ရေအိုင်ကွက်သို့

ပြက္ခဒိန်ပျက်စီးလာခြင်းစာအတွက် ပုံတွေ လင့်တွေ အက်ပ်တွေပို့ကြတယ်။ ကျေးဇူးတော့ တင်တယ်။ တခုမှ အလုပ်မဖြစ်ပါ။ ဖုန်းမှာသာသုံးရတာမျိုး မလိုချင်။ ကွန်ပြူတာကနေ ပရင့်ထုတ်ရတဲ့ တလဆိုတလ ရှင်းတဲ့ပြက္ခဒိန်သာ ရချင်တာ။ မပို့ကြစေလိုတော့ပါ။

မြန်မာ့အိုင်တီနည်းပညာ တော်လှတော်လှနဲ့။ ဖုန်းဈေးကွက်သာ ကြည့်ကြသလားမသိ။ မဟုတ်ရင် ဆောရီး။ ကန်တော့။

ကျွန်တော်က လက်ပတော့ကိုသာ တနေကုန်သုံးတာ။ ဖုန်းမှာသာသုံးရတာတွေ အလုပ်မဖြစ်။ ဖေါင့်လည်း သည်အတိုင်းပဲ မစွံ။ အော်တိုထရန်စလေးရှင်း အဆင်ကိုမပြေ။ ဂူဂယ်လ်ဆာ့ခ်ျမှာ မြန်မာဆို့စ်တွေက ပေါ်ချင်တာသာပေါ်တယ်။ သတ်ပုံပြင်တွေ။

မြန်ဆန်လာတာ၊ ပိုမှန်လာတာ၊ လွယ်ကူလာတာ၊ ပြည့်စုံလာတာကို ပြောင်းလဲအောင်လုပ်မှသာ ကောင်းတယ်လို့ ကျွန်တော်ကတော့ ခေါ်ချင်တယ်။ အခုဟာတွေက လွယ်တာကို ခက်အောင်လုပ်နေကြတယ်။ ဖုန်းတွေနဲ့တော့ ဟုတ်ချင်ဟုတ်မှာပါ့။ ကျွန်တော်က ဖုန်းကို သွားရင်းဟန်လွဲသာသုံးတယ်။

ရီဆာ့ခ်ျကို ကွန်ပြူတာကနေလုပ်မှသာ နယ်ကျယ်တယ်။ အခုဟာက ခြေရာကွက်ကနေ ရေအိုင်ကွက်ဖြစ်လာသလို။ ဆောရီး။ ကန်တော့။ ကျွန်ုပ်သည်ကား ရေအိုင်လေးထဲက မထွက်နိုင်သောဖါးသာ ဖြစ်တော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး