စွယ်စုံ

တခါတခါ ကွန်မင့်ကြတယ်။ စွယ်စုံရလို့။

ကျွန်တော်က နိုင်ငံရေးကို အရင်ရေးတယ်။ နိုင်ငံရးမှာ ပင်စင်မရတဲ့ အငြိမ်းစားဖြစ်ကတည်းက ကျန်းမာရေးစာတွေ ရေးတယ်။ မေးတာတွေဖြေတော့ သတ်ပုံတွေ သောက်သောက်လဲ မှားတာတွေ့ရလို့ သတ်ပုံစာလေးတွေပါ ရေးပြန်တယ်။

ဘာရေးရေး အထောက်အထား အကိုးအကား ထည့်တယ်။ နမူနာဓါတ်ပုံတွေ ပြတယ်။ သမိုင်းကြောင်းလည်း ပါရတယ်။ တခါတခါ ကဗျာ သီချင်းတွေတွေပါ တပိုင်းတစ ညှပ်ထည့်တယ်။ ကူးချတာပါ။ စွယ်စုံနာမဝိသေသန လာတော့တယ်။

ဘလော့မှာ စာဖတ်တဲ့အကြိမ်အရေအတွက် အခုစာရေးနေချိန်မှာ All Time 7301227 ရှိနေပြီ။ ဖေ့စ်ဘွတ်မှာ ပို့စ်တိုင်း လိုက်ခ် မရတာမရှိ။ အနည်းဆုံးတော့ ဆွေတွေမျိုးတွေက လိုက်ခ် လုပ်ကြပါတယ်။

ကျွန်တော့်ထက် အစွယ်ပိုစုံတာက ဖေ့စ်ဘွတ်သုံးတဲ့သူတွေ။ ဖရင်း ၅၀၀၀ အမြဲရှိနေပြီး၊ ဘလော့ရတာ ၆၀၀ ကျော်ပြီ။ အစုံပါတယ်။ ဆင်စွယ်သာမက တခြားအစွယ်တွေရော။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး