Block Discipline ဘလော့စည်းကမ်း

Block လိုက်ပါလားဆရာ

စတစ်ကာတွေ အရုပ်တွေပို့တာနဲ့တော့ ဘလော့စရာ မလိုပါ။

၁။ အကောင့်အတုတွေ
၂။ ဆဲတဲ့သူတွေ
၃။ ရိုင်းစိုင်းသူတွေ
၎။ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်လွန်းသူတွေ
၅။ မပို့ပါရန်လို့ပြောတာကို ၂ ခါထက်ပို ပို့လာသူတွေ
၆။ အဆီအငေါ်မတည့်တာတွေကို အထပ်ထပ်အခါခါ မေးမြန်း ရေးသားသူတွေ
၇။ အရေမရ အဖတ်မရ ခဏခဏမက်ဆေ့ခ်ျပို့သူတွေကို ဘလော့ပါတယ်။

နိုင်ငံရေးအယူအဆ မတူတာနဲ့ မပိတ်ပင်ပါ။
သတ်ပုံတွေ ဘယ်လောက်မှားမှား မဆက်အသွယ် မဖြတ်ပါ။

ကနေ့မနက် နောက်တယောက်ကို ဘလော့လိုက်တယ်။ သူက မနေ့က လင့်ဖေါ်ပြပြီး ဘလော့ထားသူတွေဘက်ကနေ ထောက်ခံပြီး ရိုင်းရိုင်းစိုင်းစိုင်း ရေးလို့ဖြစ်ပါတယ်။ အင်္ဂလိပ်စာလုံးကလည်း စိုင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး