Coronavirus Prevention ကာကွယ်နည်းတွေကိုသာ အတိအကျ လိုက်နာပါလေ

ဆရာမသိလိုမေးပါရစေ အရောင်းဝယ်ကျွန်တော့တို့ လုပ်နေရတယ် ဘယ်လိုနေထိုင်သင်လည်းဆရာကျေးဇူးပြုပြီး ရှင်းပြလိုရနိင်မလား

• ဘာအလုပ်လုပ်လုပ် ရောဂါကာကွယ်နည်းတွေက အတူတူဖြစ်တယ်။
• ခရီးသွားရသူတွေကလည်း အန္တရာယ်နဲ့ မကင်းကြပါ။ ဆောရီး။
• ကျန်းမာရေးဝန်ထမ်းတွေကတော့ အန္တရာယ်လွယ်ထားရသလို။ ဆောရီး။
• ကိုယ်ခံကျန်းမာရေး မကောင်းသူတွေက ကူးစက်ခံရနှုန်း ပိုမများပေမဲ့ ကူးစက်ခံရင် ပိုဆိုးနိုင်တယ်။ ဆောရီး။
• အသက်ကြီးသူတွေက ပိုပြီး ကူးစက်ခံရတယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ ဆောရီး။
• လူငယ်လူရွယ်နဲ့ ကလေးတွေ အဖြစ်နည်းတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အဖြစ်နည်းတယ်။ ကွန်ဂရက်ကျူလေးရှင်း။
• ဒါပေမဲ့ အဲဒီအချက်တွေက သူများနိုင်ငံတွေမှာဖြစ်တာကို လေ့လာတာ။ မြန်မာပြည်မှာ အခုထိ ကူးစက်ခံထားရသူ ၃ ယောက်က လူလတ်ပိုင်းတွေ။ အပြင်ကနေပြန်လာသူတွေ။

မြန်မာပြည်မှာ ဘယ်လိုဖြစ်လာနိုင်သလဲ ဘယ်ဆရာဝန်ကမှ အသေအချာ မပြောနိုင်။ ကာကွယ်နည်းတွေကိုသာ အတိအကျ လိုက်နာပါလေ။ ဈေးမဆစ်ရ။ အပိုဆောင်းရန် မလို။

Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://doctortintswe.blogspot.com/2020/03/coronavirus-prevention_23.html

ပို့စ် တင်ပြီးမှ ဗြိတိန်သတင်းစာကသတင်းတခု တွေ့တယ်။ အသက် ၂၁ နှစ် အမျိုးသမီးတယောက် ဒီရောဂါနဲ့ သေဆုံးသတဲ့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး