Soaps ကိုရိုနာဗိုင်းရပ်စ် နှင့် ဆပ်ပြာ

ကိုရိုနာဗိုင်းရပ်စ်အတွက် Hand Sanitizer ခေါ် Alcohol-based disinfectants အယ်လ်ကိုဟောပါ လက်ဆေးရည် ကလည်း ထိရောက်ပါတယ်။ ဒါပေမဲ့ လူ့အရေပြားသန့်စင်ရေးအတွက် ဆပ်ပြာက ပိုသင့်တော်တယ်။ ထိရောက်တယ်။ ရှာရတာလွယ်တယ်။ ဈေးမကြီး။

Hand Sanitizer ခေါ် လက်ဆေးရည်ထဲမှာ အယ်လ်ကိုဟော 60-80% ethanol ပါတယ်။ သူကလည်း ဗိုင်းရပ်စ်တွေကို သေစေတယ်။

ဆပ်ပြာကနေ ဗိုင်းရပ်စ်ရဲ့ အပြင်က lipid (fatty) bilayer ဖက်တီး ခေါ် အဆီလွှာကို ပျက်စီးစေမယ်။ ဆပ်ပြာမှာ Amphiphiles ပါတယ်။ အဲတာကလည်း အဆီတမျိုး။ ဗိုင်းရပ်စ်ရဲ့ အပြင်လွှာနဲ့ ဆင်တယ်။

ဟိုရှေးရှေး ဘက်ဘီလုံခေတ်ကတည်းက လူတွေ ဆပ်ပြာသုံးခဲ့တယ်။ ဓါတုဗေဒလို C17H35COOH နဲ့ C15H31COOH ဖြစ်တယ်။ ဆိုဒီယမ်ဆား သို့မဟုတ် ပိုတက်ဆီယန်ဆားတွေနဲ့ လုပ်ထားတယ်။ fatty acids ဖက်တီးအက်စစ်ဖြစ်တယ်။ Alkaline အယ်လ်ကာလိုင်းဖြစ်တယ်။ pH 9-10 ရှိတယ်။ လူတွေရဲ့ အရေပြားဟာ pH 5.5 လောက်ရှိတယ်။

ဆပ်ပြာကို အဆီအမျိုးမျိုးကနေထုတ်လုပ်တယ်။ coconut oil, palm oil, tallow (rendered beef fat), or lard (rendered pork fat) တွေကနေလုပ်တယ်။ 75 to 85% ဟာ တိရစ္ဆာန်အဆီဖြစ်တယ်။

သဘာဝဆပ်ပြာဆိုတာ Sodium Hydroxide (lye) ဖြစ်တယ်။ တိရစ္ဆာန်အဆီမပါ။

ဆေးလိုတဲ့နေရာမှာ မြင်သာတဲ့ညစ်ပေနေတာရှိရင် ဟင်းဆင်နတိုက်ဇာနဲ့မရ။ ဆပ်ပြာနဲ့ရေသုံး ဆေးမှသာ ရတယ်။

အဝယ်ရခက်တာ လိုက်ရှာမနေပါနဲ့။ ဆပ်ပြာနဲ့ ရေသာ သုံးကြပါ။ ကျွန်တော် ဆပ်ပြာမရောင်းပါ။ Smile!

ဒေါက်တာတင့်ဆွေ
၂၆-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး