Coronavirus ဆရာရှင့်

ကျမကအခြေခံ ကျန်းမာရေးဝန်ထမ်းပါ အခုကျမတို့က ပြည်တွင်းပြန်တွေကိုကျန်းမာရေး စစ်ဆေးပေးနေရပါပြီ ကျမတို့မှာ အကာအကွယ်ပစ္စည်းက mask နဲ့ gloves ပဲရှိပါတယ် အိမ်ကမိသားစုကိုလဲ ကူးစက်မှာစိုးရိမ်တယ် ခွဲနေသင့်လားဆရာ။

ဆောရီး။ ဆရာဝန် သူနာပြု ကျန်းမာရေးမှာလုပ်ကိုင်နေရသူတွေအတွက် စိတ်မကောင်းစရာတွေ နေ့တိုင်း ဖတ်နေရတယ်။

တအိမ်တည်းနေ မိသားစု ခွဲနေရန် မလိုလောက်ပါ။ ကိုယ်တိုင်က ဆေးခန်းက အပြင်ကပြန်လာတိုင်း လက်ဆေးရမယ်။ အဝတ်အစား လဲရမယ်။ နှာခေါင်းစည်း တခါသုံးသာသင့်တယ်။ စနစ်တကျ စွန့်ပစ်ရမယ်။

နေအိမ်မှာလည်း မျက်နှာပြင်တွေ စနစ်တကျ သန့်ရှင်းပေးနေရမယ်။ အိမ်ရှိလူကုန် လက်ဆေးနည်းအတိုင်း ဆေးရမယ်။ ချောင်းဆိုးနှာချေတိုင်း တံတောင်ဆစ်ထဲ ပြုလုပ်နည်း တသက်လုံး လုပ်သင့်တယ်။ ကိုယ်ပူသူ ချောင်းဆိုးသူ စမ်းသပ် စစ်ဆေးရမယ်။

မျက်နှာငယ်ငယ်နဲ့သာ လူနာတွေကို ပြုစုစောင့်ရှောက်ကြပါလေ။ ဆောရီး။

1. Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် အိမ်တွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2020/03/coronavirus_94.html
2. Disinfect Your Phone ဖုန်းကို ဘယ်လိုပိုးသန့်မလဲ https://doctortintswe.blogspot.com/2020/03/disinfect-your-phone.html
3. Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://doctortintswe.blogspot.com/2020/03/coronavirus-prevention_23.html
4. Bleach ဆိုတာဘာလဲ https://doctortintswe.blogspot.com/2020/03/bleach.html
5. Coronavirus Hand Washing လက်ဆေးနည်း https://doctortintswe.blogspot.com/2020/03/coronavirus-hand-washing.html
6. Coronavirus and Health Workers ကိုရိုနာ နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ https://doctortintswe.blogspot.com/2020/03/coronavirus-and-health-workers.html

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ