အချစ် နဲ့ အချက် ခွဲခြားတတ်ရမယ်

နိုင်ငံရေးမှာ ကိုယ်ကြိုက်တဲ့ဘက် မကြိုက်တဲ့ဘက် လိုက်ပြီး ရေးနိုင်၊ ပြောနိုင်၊ ပြောင်လှောင်နိုင်ကြတယ်။ ဘသာဝအလှနဲ့ ချစ်ခင်သူတွေအပေါ်မှာလည်း စိတ်ခံစားချက်အရ ရေးဖွဲ့ သီဆိုနိုင်ကြတယ်။

ကပ်ရောဂါကို အဲလိုလုပ်ရင် မှားတယ်။ စိတ်ခံစားချက် မပါရပါ။ ကာကွယ်နည်း စနစ်မကျရင် မုန်းလည်း ကူးစက်နိုင်တယ်။ ချစ်ပါတယ်ပြောလည်း လွတ်မယ်မဟုတ်ပါ။ အဲတာ ငါအရင်သိလို့ပြောတဲ့လူလည်း ပသားပေးခံရမယ် မထင်ပါနဲ့။

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ကလေးကစားစရာ မဟုတ်၊ ရင်ခုန်သံ မဟုတ်။ ကြွားလုံးထုတ်စရာ မဟုတ်။ ပြက်လုံးထုတ်စရာ မဟုတ်ပါ။

အမုန်းတေးအစား လက်ဆေးရပါမယ်။ ဟိုရေးသည်ရေးအစား ဟိုဆေးသည်ဆေး သိရပါမယ်။ အချစ် နဲ့ အချက် ခွဲခြားတတ်ရမယ်။

တချို့ တော်လိုက်ကြတာ သိတာချည်းပဲ။ ဦးဆုံးပဲ။ ကျွန်တော်ဆရာဝန်ဖြင့် လိုက်ရှာဖတ်လိုက်ရတာ မောလို့။

ကြွားချင်စိတ် လိမ်ချင်စိတ်တွေ ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၀-၃-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး