Monday, March 30, 2020

Coronavirus အလေးပြုလိုက်ပါသည်

စစ်ထွက်ယောက်ျားတို့သည် ရန်သူရှိရာစစ်မြေပြင်ကို တမင်တကာသွားကြရသည်။ စစ်ဝတ်စုံနှင့် သံခမောက်ဆောင်း၍ သွားကြသည်။ လက်တကမ်းတိုက်ပွဲ တခါတရံမှသာ တွေ့ပါသည်။

ရန်ပြုနိုင်တာတွေက ကိုယ့်ဆီလာနေကြသည်။ ပီပီအီး ဝတ်စုံနှင့် နှာခေါင်စည်းနှင့် စောင့်ကြရသည်။ ရန်ပြုနိုင်တာတွေနဲ့ တနေကုန် ဖက်လဲတကင်း နေကြရသည်။

စစ်ထွက်ယောက်ျားတို့အား အညတရစစ်သည်ဗိမာန်မှာ အလေးပြုကြရပါသည်။

နိုင်ငံမျိုးစုံက တိုက်ပွဲကျ ကျန်းမာရေးဝန်ထမ်းများအား အလေးပြုလိုက်ပါသည်။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...