Hydroxychloroquine ဟိုက်ဒရောက်ဆီကလိုရိုကွင်း

ကိုရိုနာဗိုင်းရပ်စ်အတွက် ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေး သတင်းကို ဖေါ်ပြကြရင် တိတိကျကျဖြစ်စေချင်တယ်။ တချို့ရေးတာတွေက ပစ္စလက်ခတ်ဆန်တယ်။ လူတွေ ထောင်နဲ့ သောင်းနဲ့ သေဆုံးနေတာကို ဆေးရုံဗီဒိုထဲ သိမ်းထားတဲ့ ဆေးနဲ့ ပျောက်မှာလိုလို ရေးကြတယ်။ ဘီပီအိုင်က ဝင်ပြီး အသားယူတာလည်း ဖတ်ရတယ်။

အကိုးအကားယူတဲ့သတင်းကို သေချာဖတ်ပြီး တိတိကျကျဘာသာပြန် ရေးသင့်ကြတယ်။
Teva to send US millions of malaria pills with potential to help COVID-19
တေဗာ ကနေ ကိုဗစ်-၁၉ ကို ကူညီရန်အလားအလာရှိတဲ့ ငှက်ဗျားဆေး သန်းနဲ့ချီပြီး ယူအက်စ်ကို ပို့ပေးလိုက်တယ်။

Hydroxychloroquine ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေးဟာ ရက်ပိုင်းအတွင်းမှာ ထင်ရှားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ထိရောက်နိုင်စွမ်းရှိတဲ့ ဆေးတွေအနက် တခုဖြစ်တယ်။

Teva Pharmaceuticals တေဗာဆိုတာ အစ်ဇရေးဆေးကုမ္ပဏီ။ သူက ပိုက်ဆံတပြားမှမယူဘူးတဲ့။ သောကြာနေ့မှာ ထုတ်ပြန်တာ။ မတ်လအကုန်မှာ ဆေးပြားပေါင်း ၆ သန်းပို့ပေးမယ်။

ပြင်သစ်မှာ လူနာ ၂၄ ယောက်တို့ဟာ ၆ ရက်နေတော့ သက်သာလာတယ်။ ဗိုင်းရပ်စ် ၄ ပုံ ၃ ပုံ ကင်းလာတယ်။ ပြင်သစ်ဆေးကုမ္ပဏီ Sanofi laboratory ကလည်း လူနာ ၃ သိန်းအတွက် ဆေးတွေ ရယ်ဒီတဲ့။

Hydroxychloroquine ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေးကို ငှက်ဖျားအတွက်သာမက သုံးနိုင်တယ်။ lupus လူးပတ်စ် ရောဂါ၊ rheumatoid arthritis လေးဘက်နာရောဂါတွေကိုလည်းပေးတယ်။ ကြွက်တက်သူတွေကိုလည်း ပေးတယ်။

တရုပ်ပြည်မှာ ဂျပန်ထုတ် တုပ်ကွေးဆေး Avigan (favipiravir) သုံးတာ ထိရောက်တယ်လို့တဲ့သတင်းတင်ပြထားပြီး။ လေ့လာမှုတွေ ဆက်လုပ်နေဆဲဖြစ်တယ်။ Gilead Sciences ကထုတ်တဲ့ remdesivir ဗိုင်းရပ်စ်ဆေးကိုလည်း စမ်းသုံးနေပါတယ်။

အချုပ်ကတော့ -
No drug is specifically approved now for treating COVID-19
ကိုဗစ်-၁၉ အတွက် လက်ခံအတည်ပြုချက်ရပြီးဆေး မရှိသေးပါ။

ဆေးအကြောင်း ကျန်းမာရေးအကြောင်းကို ပြီးစလွယ် မရေးကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၂၀
ည  ၈ နာရီ ၁၁ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး