Coronavirus အလွဲအမှားတွေကို အကုန်ပြန်ဖြေချိန် မရှိပါ

၁။ Hlwam Thu Aung
မင်္ဂလာပါ ဆရာ ဆရာပြောတဲ့ covid-19 အတွက်သောက်ဆေး Azithromycin နဲ့ Hydrochloquine ကို တနေ့ဘယ်နှစ်ကြိမ်သောက်သင့်ပါသလဲဆရာ ဗဟုသုတအနေနဲ့သိချင်လို့ပါဆရာ… See More

၂။ Kaung Khant Aung
Azithromycin က ရောဂါ ဖြစ်ရင် ၁နေ့ ၃လုံး ၃ကြီမ်
ဒိထက်ပိုဆိုးရင် Chrloquine 5ကြိမ်(or) ၅လုံး 1day
vit-C 100mg 5လုံး နေ့တိုင်းသောက် ၁၀၀ မရ ၅၀၀ ၁လုံး… See More

အလွဲအမှားတွေကို အကုန်ပြန်ဖြေချိန် မရှိပါ

ယူအက်စ်အေ အရီဇိုနာပြည်နယ်မှာ အမျိုးသားတယောက် chloroquine phosphate ငှက်ဖျားဆေး သောက်ပြီး သေဆုံး။ သေဆုံးသူနဲ့ သူ့ဇနီးတို့ဟာ ဆေးသောက်ပြီး နာရီဝက်အကြာ နေမကောင်းဖြစ်လာတယ်။ သူတို့က အသက် ၆၀ ကျော်တွေ။ အဲဒီ ငှက်ဖျားဆေးဟာ Covid-19 coronavirus အတွက်အတည်ပြုချက်ရထာတဲ့ဆေး မဟုတ်ပါ။

ဒီသတင်းကို လွန်ခဲ့တဲ့ ၄ နာရီက ဘီဘီစီအင်္ဂလိပ်ပိုင်း ဝဘ်ဆိုက်မှာ တင်ပါတယ်။
US man dies after taking drug he thought stopped virus https://www.bbc.com/news/52012242

အဲလိုတင်ပြခြင်းဟာ ခြောက်လှန့်တာ မဟုတ်ပါ။ ဒီရောဂါကို ကာကွယ်တာ ကုသတာမှာ အတိအကျ စနစ်ကျ လုပ်ရမယ်ဆိုတာကို ထပ်ပြီး တင်ပြတာ။ မသေချာမရေရာတာ ပြောဆိုရေးသား လိုက်နာသူတွေ တိုင်းပြည်တိုင်းမှာ ရှိတယ်။ မြန်မာပြည်မှာ ကူးစက်ခံရတာရော မသေချာမရေရာတာ ပြောဆိုရေးသား လိုက်နာသူတွေပါ နည်းပါစေသတည်း။

မဟုတ်တာတွေကို မမေးကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၂၀
ညနေ ၅ နာရီ ၅၈ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး