Coronavirus ထပ်မံဖြေဆိုခြင်း

ကျွန်တော့ရုံးက မိန်းကလေး သူ့ရဲ့အမက ချင်းပြည်နယ်က covid19 positive လူနာ နဲ့ ရန်ကုန်က ကလေးသို့ လေယာဉ်တစီးထဲဖြစ်ပါတယ် အခုတော့ သူ့ရဲ့အမဖြစ်သူကို quarantine ထားထားပါတယ် သူ့ရဲ့အမက သူတို့အနဲ့ ရန်ကုန်မှာ ၄/၅ ရက်နေခဲ့ပါတယ် ကျွန်တော်တို့ရုံးက မိန်းကလေးနဲ့ ကျွန်တော် တို့အတွက်ရော ရောဂါပိုး ကူးစက်မှု အခြေအနေ ရှိနိုင်ပါသလားဆရာ ရောဂါပိုးက တိုက်ရိုက်ကူးစက်နိုင်ပါသလား ဥပမာ A ကpositive ဖြစ်နေပြီး B ကို ကူးမယ်ဆိုလျှင် B ကနေတဆင့် တနေ့ချင်း C ကိုကူးနိုင်ပါသလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ

• ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေ လူကိုကူးတယ်။
• ချောင်းဆိုး နှာချေတာထဲမှာပါလာတဲ့ အမှုန်အမွှားလေးတွေကို ရှူမိလို့ ကူးတယ်။
• ရောဂါလက္ခဏာပြနေချိန်မှာ အကူးစက်နိုင်ဆုံးဖြစ်တယ်။
• ပိုးရှိနေပြီး ရောဂါလက္ခဏာမပြသေးမီ ကူးစက်တာ နည်းတယ်။ ၁၀၀% တော့ မဟုတ်။
• ပိုးကျရောက်နေတဲ့မျက်နှာပြင်တွေ အရာဝတ္ထုတွေကို ကိုင်မိပြီး နှာခေါင်း ပါးစက် မျက်စိကို လက်မဆေးပဲ ထိကိုင်မိရာကနေ ကူးစက်နိုင်တယ်။ အဲတာကြောင့် လက်ဆေးခိုင်းတာ။
• ကိုရိုနာဗိုင်းရပ်စ်ဟာ ပိုးအသစ် ရောဂါအသစ်ဖြစ်လို့ တိုင်းပြည်တိုင်းမှာ နေ့တိုင်း လေ့လာမှုတွေ လုပ်နေကြတယ်။
• ကူးစက်နည်း၊ ကာကွယ်နည်း၊ ကုသနည်းတွေ WHO နဲ့ CDC ကထုတ်ပြန်တာတွေသာ မှန်ကန်တိကျတယ်။
• ကာကွယ်ဆေး မထွက်သေး။ ကုသဆေး အတည်ပြုချက်ရထားတာ မရှိသေး။

1. Coronavirus and Foods ကိုရိုနာနဲ့ စားစရာ https://doctortintswe.blogspot.com/2020/03/coronavirus-and-foods_23.html
2. Coronavirus Hand Washing လက်ဆေးနည်း https://doctortintswe.blogspot.com/2020/03/coronavirus-hand-washing.html
3. Coronavirus Measures ကိုရိုနာဗိုင်းရပ်အတွက် ဆောင်ရွက်ချက်တွေ https://doctortintswe.blogspot.com/2020/03/coronavirus-measures_23.html
4. Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://doctortintswe.blogspot.com/2020/03/coronavirus-prevention_23.html
5. Coronavirus Spreads ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ https://doctortintswe.blogspot.com/2020/03/covid-19-spreads.html
6. Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ https://doctortintswe.blogspot.com/2020/01/coronavirus_30.html
7. Disinfecting surfaces to prevent the spread of coronavirus ကိုရိုနာဗိုင်းရပ်စ်အတွက် မျက်နှာပြင်များ သန့်ရှင်းရေး https://doctortintswe.blogspot.com/2020/03/dinfecting-surfaces-to-prevent-spread.html
8. Incubation period ကူးစက်ခံရချိန်နှင့် ရောဂါလက္ခဏာခံစားရချိန် ကြားကာလ https://doctortintswe.blogspot.com/2020/03/incubation-period.html

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး