N95 Disposable Respirator နှာခေါင်းစည်းတမျိုး


မြန်မာမှာလည်း Covid တွေများလာပါပီ ဆရာကြီး အမေက နှလုံးရောဂါ အခံရှိပါတယ် အကိုက စိုးရိမ်လို့ ventilator ဝယ်ထားချင်ပါတယ် အိမ်သုံးအတွက် အဆင်ပြေပါ့မလား ဆရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆေးရုံမှာမှ ventilator သုံးလို့ အဆင်ပြေတာလား ဆရာ အသုံးဝင်မယ့် ventilator များ ဘယ်က ဝယ်လို့ အဆင်ပြေမလဲ လမ်းပြပေးပါဆရာ

အသက်ရှူစက်ဆိုတာ လိုလာမှသာ သုံးရတယ်။ အခုရောဂါမှာ ကူးစက်ခံရသူ ၂၀% လောက်မှာ အသက်ရှူလမ်းကို ထိခိုက်တယ်။ ရောဂါခံရှိနေသူတွေ အသက်ကြီးသူတွေဖြစ်ရင် တခြားလူနာတွေထက် ဆိုးတယ်။ ကြိုတင်မှန်းဆရတာ မလွယ်ပါ။

N95, Disposable Respirator ကိုတော့ အပြင်မှာလည်း သုံးနိုင်တယ်။
Face Mask နှာခေါင်းစည်း https://doctortintswe.blogspot.com/2017/07/face-mask.html

MIT Develops Cheap, Open Source Ventilator for Coronavirus Treatment
ပုံတခုထဲကစက်ကို ၂၆-၃-၂၀၂၀ နေ့မှ MIT ကထုတ်လုပ်တယ်။ ဆေးရုံ ICU မှာသာသုံးရတာမျိုးဖြစ်တယ်။

ဝဝ်စရာနေရာတော့ မသိပါ။ ဆောရီး။

ဖြေပြီးပြီ။ သတ်ပုံကို ပြောဦးမယ်။ Puppy ဆိုတာ ပါပီလို့ အသံထွက်တဲ့ ခွေးကလေးကို ခေါ်တယ်။ မြန်မာစာမှာ ပါပြီလို့ ရေးရတယ်။ မှားနေသူတွေ အတော်ကို များတယ်။ အဲတာကကူးစက်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး