Saturday, March 28, 2020

Coronavirus Survival ကိုရိုနာဗိုင်းရပ်စ် ဘယ်မှာဘယ်လောက်ကြာရှင်နိုင်သလဲ

ဘယ်မှာ ဘယ်လောက်ကြာ ရှင်နိုင်သလဲ အခုထိ တိတိကျကျမပြောနိုင်သေးပါ။ တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ မကွာလောက်လို့ ယူဆရတယ်။

• လေထဲမှာ ၃ နာရီကြာ။
• ကြေးဝါမျက်နှာပြင်ပေါ်မှာ ၄ နာရီ။
• အရည်စိမ့်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီ။
• သံမဏိနဲ့ ပလပ်စတစ်ပေါ်မှာ ၇၂ နာရီ။
• သတ္တု၊ ဖန်နဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ ရှင်နေနိုင်တယ်။
• ၈၆ ဒီဂရီအက်ဖ် (၃၀ စီ) ထက် ပိုပူတဲ့အခြေအနေမှာ ရှင်သေးပေမဲ့ အက်တစ် မဖြစ်တော့ပါ။
• ဒိုင်းမွန်းမင်းသမီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် RNA ဟာ ၁၇ ရက်ကြာအထိ တွေ့ရှိရတယ်။

အိမ်သုံးပိုးသန့်ဆေးတွေနဲ့ ကင်းစေအောင်လုပ်နိုင်တယ်။
၁။ 62-71% ethanol အက်သနောလ်၊
၂။ 0.5% hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နဲ့
၃။ 0.1% sodium hypochlorite Bleach solution ချွတ်ဆေးရည်ကို ဘလိခ်ျမှုန့် 5 tablespoons နဲ့ ရေတဂါလံ ရောမယ်။ တနည်းအားဖြင့် ဘလိခ်ျမှုန့် 4 teaspoons နဲ့ ရေတကွာတ။

ကိုရိုနာဗိုင်းရပ်စ် စာတွေ ပုံတွေ ဇယားတွေ ကာကွယ်နည်းတွေ ကုသနည်းတွေ လာမပို့ကြစေလိုပါ။ အဲတာတွေက မဟုတ်ပါဘူးဖြေရတာ အားနာတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...