Coronavirus Measures ကိုရိုနာဗိုင်းရပ်အတွက် ဆောင်ရွက်ချက်တွေ

မြန်မာပြည်မှာ စတင်ကူးစက်နေပြီ။ ရောဂါပိုးအကြောင်း၊ ကူးစက်နည်း၊ ကာကွယ်နည်းတွေ ခဏခဏနေ့တိုင်း တင်ထားပြီးပြီ။ ဘယ်လို နိုင်အောင်နှိမ်နင်းမလဲ။ ကိုရိုနာဗိုင်းရပ်အတွက် ဆောင်ရွက်ချက်တွေ လုပ်ရမယ်။
• စနစ်ကျရတယ်။
• တင်းကြပ်ရမယ်။
• လိုက်နာရမယ်။
• ပူးပေါင်းဆောင်ရွက်ရမယ်။
• ကူညီရိုင်းပင်းရမယ်။
• အစိုးရရော လူထုပါ လုပ်ကြရမယ်။
• အတိအကျ။ ဈေးမဆစ်နဲ့။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိတဲ့နေရာဒေသတွေမှာ ဘယ်လိုခုခံကာကွယ်မလဲ
• တာဝန်ရှိသူတွေက စဉ်းစား တိုင်ပင်ပြီး ဆုံးဖြတ်ကြရတယ်။ တိုင်းပြည်တခုနဲ့တခု အခြေအနေတွေ မတူပါ။ တရက်နဲ့တရက်လည်း မတူပါ။
• သမတတွေ ဝန်ကြီးချုပ်တွေက ဆေးပညာရှင်တွေရဲ့ တင်ပြချက် ထောက်ခံချက်အပေါ်မူတည်ပြီး လိုအပ်တာကို လိုအပ်ချိန်မှာ ဆုံးဖြတ်ကြပါတယ်။
• ဆေးပညာရှင်တွေကလည်း ဆေးသိပ္ပံပညာအရသာ တင်ပြရတယ်။

လူကနေ လူကို ကူးစက်တယ်။
• လူနဲ့ လူ ကင်းကင်းကွာကွာ နေထိုင် သွားလုပ် လုပ်ကိုင်ကြရမယ်။
• လူစုလူဝေးမှန်သမျှ ပိတ်ပင်ရမယ်။ အရေးယူရမယ်။ ဘာသာရေး လူမှုရေး နိုင်ငံရေး အားကစား အကုန်။
• ကာကွယ်နည်းကို လူတိုင်းသိစေအာင် လုပ်ရမယ်။ ကာကွယ်နည်းကလည်း မှန်ကန်တိကျရမယ်။
• မမှန်မကန်ပြောဆို ဟောပြော ရေးသား ထုတ်ဝေတာတွေကို အရေးယူရမယ်။

တရုပ်ပြည်မှာ ၂ လ ခွဲ (၁၀ ပတ်) နေမှသာ တည်ငြိမ်လာတယ်။ သူတို့ အစမကောင်းခဲ့ပါ။ မကြာခင်မှာ ပြင်းပြင်းထန်ထန် လုပ်ကြလို့ အခုအဆင့်ရောက်လာတာ။

ကမ္ဘာ့နံပတ် (၁) အမေရိကားမှာ ၈ ပတ်ကိုသာ ဦးတည်ချက်ထားနိုင်တယ်။

မြန်မာပြည် ဘယ်လောက်လဲ မသိသေး။ အစိုးရနဲ့ လိုက်နာပူးပေါင်းဆောင်ရွက်ကြတဲ့ လူထုအပေါ်မှာ မူတည်တယ်။
ပိုးက အသစ်။ ကမ္ဘာပေါ်မှာ ဘယ်သူကမှ ကံသေကံမ မပြောနိုင်တာ။ မြန်မာပြည်မှာလည်း အသစ်။
• မဟုတ်တာတွေ မပြောကြ မရေးကြ မလုပ်ကြစေချင်ပါ။
• မှန်တာတွေကို အတိအကျ ညွှန်ကြားပါ။
• လိုက်နာပါ။ ပူးပေါင်းဆောင်ရွက်ပါ။ ဝိုင်းဝန်းကူညီကြပါ။
• အပြစ်တွေလိုက်ရှာနေတာ အလုပ်မဟုတ်ပါ။
• ငါအရင်ဆုံးသိတယ်လို့ လက်မထောင်နေကြတာ မှားတယ်။
• ငါအမှန်ဆုံးသိတယ်လို့ ကြွားနိုင်ကြစေချင်တယ်။
• ငါကူညီရိုင်းပင်တတ်သူဖြစ်တယ်လို့ ဂုဏ်ယူကြစေချင်တယ်။

ဘေးကင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀
ည ၈ နာရီ ၅၆ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး