Coronavirus and Health Workers ကိုရိုနာ နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ

ကိုရိုနာဗိုင်းရပ်စ်ကို တရုပ်ဆရာဝန် ဒေါက်တာလီက စသိခဲ့ပြီး သူ့အသက်ပါ စဆေးခဲ့ရပါတယ်။

ကနေ့ ယူကေနိုင်ငံမှာ ဆူဒန်လူမျိုးဆရာဝန်တယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီး သေဆုံးသွားတယ်။

လွန်ခဲ့တဲ့ ၃ ရက်က အီတလီသူနာပြုဆရာမတယောက် သူများတွေကို မကူးစက်စေအောင်ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။

မနေ့ကပဲ ရန်ကုန်မှာ အိမ်ငှားနဲ့နေကြတဲ့ ဆရာဝန် သူနာပြုတွေကို အိမ်ရှင်တွေက နှင်ချဆိုတဲ့သတင်း ဖတ်ရတယ်။

ကနေ့တော့ မန္တလေးက တူမယောက်လည်း ငှားနေတဲ့အိမ်က နှစ်ချခံရသတဲ့။ သူက ဓါတ်မှန် အာလ်ထွာဆောင်း ကျွမ်းကျင်သူ။ ဆောရီးပဲ ငါ့တူမရေထက် ပိုမတတ်နိုင်ပါ။

ဆရာဝန် သူနာပြု ကျန်းမာရေးကျွမ်းကျင်သူတွေကို အိမ်ပေါ်ကနှင်ချခြင်းဟာ မြန်မာပြည်က နောက်ဆုံးပေါ် ကိုရိုနာ ကာကွယ်နည်းလား မသိပါ။

ရှေ့တန်းပြန်များလို သပြေပန်းကမ်းသူ ပန်းကုံးစွပ်သူ မရှိကြပါတကား။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး