Myanmar's Nurses, Doctors Face Eviction as Landlords Panic Over COVID-19

မြန်မာပြည်မှာ ဆရာဝန်တွေ သူနာပြုတွေကို အိမ်ရှင်တွေက နှင်ချလို့ ဧရာဝတီမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာ ဖတ်ရတယ်။ ဆောရီး။

ကိုရိုနာဗိုင်းရပ်စ် စဖြစ်နေပြီလို့ ပဌမဦးဆုံး အသိပေးခဲ့တဲ့ တရုပ်အမျိုးသားဆရာဝန် ဒေါက်တာလီ ဝန်လီယန် Li Wenliang ၇-၂-၂၀၂၀ နေ့မှာ ကွယ်လွန်သွားတယ်။ ဆောရီး။

မတ်လ ၃ ရက်နေ့သတင်းအရ တရုပ်ပြည်မှာ ကူးစက်ခံထားရသူပေါင်း 78,800 အနက် 3,300 ယောက်တို့ဟာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ကြတယ်။ အဲဒီနေ့အထိ ကျန်းမာရေးတာဝန်ယူနေရသူပေါင်း ၈ ယောက်သေဆုံးပြီ။

အီတလီမှာ ဆရာဝန်တွေ မလုံလောက်တော့လို့လည်း ဖတ်ရတယ်။ ၂၀-၃-၂၀၂၀ နေ့က အီတလီဆရာဝန် ဒေါက်တာ Marcello Natali ဟာ လက်အိတ်မပါပဲ လူနာတွေကို ကုသပေးခဲ့ရလို့ သေဆုံးသွားတယ်။ ဆောရီး အာရ်အိုင်ပီ။

ယူကေမှာ ကျန်းမာရေး ဗော်လန်တီယာ ၂ သိန်းခွဲသတင်းလည်းဖတ်ရတယ်။

အမေရိကားမှာ ကိုရိုနာဗိုင်ရပ်စ်ရဲ့ နောက်ပြဿနာကြီးဟာ ဆရာဝန်နဲ့ သူနာပြုတွေ မလုံလောက်ခြင်းဖြစ်မယ်လို့ မနေ့က ဖတ်ရတယ်။

မြန်မာပြည်ကတော့ ထူးခြားပါတယ်။ ကျွန်တော့်မိသားစုကတော့ ကိုယ်ပိုင်နေအိမ်မှာ နေခွင့်မရခဲ့ပါ။ ပြည်တွင်းဖြစ် ဗိုလ်ရိုနာကြောင့်။

ရောဂါမကူးစက်စေရန် နေအိမ်မှာသာနေကြပါ။ ကူးစက်သူတွေကို ကုသပေးနေတဲ့ ဆရာဝန် သူနာပြုတွေ အိမ်ပေါ်က ဆင်းကြပါ။

မြန်မာပြည်က ဒေါက်တာရိုနာနဲ့ သူနာပြုဆရာမ မရိုနာတို့တတွေ နေစရာရှာတွေ့ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး