Centralized Quarantines သီးခြားခွဲထားခြင်း
No 4 အခြေအနေအတွက် ဘယ်လိုမျိုး ဆောင်ရွက်တာ အသင့်တော်ဆုံးဖြစ်မလဲ ဆရာ
တိုင်းပြည်တခုခုနဲ့ တခု မတူ။ အခြေအနေကလည်း မတူတတ်ပါ။ သီးခြားခွဲထားနည်း ၂ ခုရှိတယ်။ မိမိအိမ်မှာသာ နေနည်းနဲ့ အစိုးရကသတ်မှတ်တဲ့နေရာမှာသာ နေနည်း။ ကနေ့အထိ အများအားဖြင့် ၁၄ ရက်ကြာနေစေတယ်။
Self-isolation မိမိအိမ်မှာသာနေရစဉ် နေ့တိုင်း ကိုယ်အပူချိန်တိုင်းမယ်။ စမ်းသပ်စစ်ဆေးတာလုပ်မယ်။ အဓိကက ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်း ရှိ မရှိစစ်နေမယ်။ ကူးစက်မှုရှိသူကို ကူးစက်ဆေးရုံကို ချက်ချင်းပို့ဆောင် ကုသမယ်။ မိမိအိမ်မှာနေရသူတွေက ကိုယ်အပူချိန် တိုင်းကြည့်ပြီး ဖျားရင် အကြောင်းကြားရတယ်။ ရောဂါလက္ခဏာတွေ ပေါ်ရင်လည်း အကြောင်းကြားရတယ်။ ဖျား၊ ချောင်းဆိုး၊ အသက်ရှူရခက်။
မြန်မာပြည်မှာ Centralized Quarantines ဘယ်မှာလဲဆိုတာ တွေ့တယ်။ အဆင်သင့်ဆိုတာရော အဆင်မပြေတာပါ မြန်မာလိုနဲ့ အင်္ဂလိပ်လိုပါ တွေ့တယ်။ ဆောရီး။
အဆင်မပြေတာတွေ သေချာပေါက်ရှိနိုင်တယ်။ လူအများနဲ့ဆိုင်တဲ့ ကျန်မာရေးကိစ္စမှာ အားမနာရပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ အစစအရာရာ ချို့တဲ့လွန်းတယ်။
၁။ ဆင်းရဲတာက တချက်။ အဲတော့ ဆေးနဲ့ ဆေးပစ္စည်းတွေ မလုံလောက်။
၂။ အသိနည်းကြတာ နောက်တခု။ မမှန်တာတွေ ပြော။ မှားတာတွေ ယုံ။ လိမ်ပြောတာ ရှယ်။
၃။ ဘယ်အရာမဆို နိုင်ငံရေး လုပ်ကြတာ တတိယအချက်။ ဆိုးတယ်ပြောသူနဲ့ ကောင်းတယ် ပြောတာ ဘာယုံရမလဲ မသိနိုင်။
၎။ ဆိုရှယ်မီဒီယာမှာသာမက ပုံနှိပ်မီဒီယာနဲ့ အသံလွှင့်မီဒီယာတွေ အရည်အသွေးမီတာ အတော်ကို နည်းနေသေးတယ်။ အဲတာက စတုတ္ထမဏ္ဍိုင်အစစ်။
လူအများနဲ့ဆိုင်တဲ့ ကျန်မာရေးကိစ္စမှာ ဆေးသိပ္ပံပညာနဲ့သာ ကြည့်ရမယ်။ ကျွန်တော်တို့အားလုံး အတော်ကြီးကို ကြိုးစားကြရမယ်။
ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀

Comments
Post a Comment