Not My Fault 2 ကျွန်တော်ကြောင့် မဟုတ်ပါ (၂)

ကျွန်တော် ၁၉၉၇ နောက်ပိုင်း ဘလော့ဂ် ပေါ်ကာစကတည်းက ဘလော့ဂ်တွေ ရေးတယ်။ ၂၀၀၄ ခုနှစ်မှာ ဖေ့စ်ဘွတ် ပေါ်လာတော့ သုံးတယ်။ အရင်ကသုံးနေခဲ့တဲ့ ဝင်းဘားမိးစ်ကနေ ဇော်ဂျီပြောင်းရတယ်။ ၂၀၁၉ ခုနှစ် စက်တင်္ဘာဘအထိ အစစအရာရာ အဆင်ပြေခဲ့တယ်။

၁။ အဆင်ပြေနေခဲ့တာကို မပြေအောင်လုပ်တာမျိုး မကြိုက်ပါ။
၂။ လွယ်ကူနေခဲ့တာကို ခက်ခဲအောင်လုပ်တာ မကြိုက်ပါ။
၃။ မှန်နေခဲ့တာကို မှားအောင် သတ်ပုံတွေပြင်ခိုင်းတာ မကြိုက်ပါ။

ဖေါင့်ပြောင်းပါလို့ လာမပြောကြစေလိုပါ။ တလို့ရေးပြီးတိုင်း စသတ်ပါလို့ လာမပြောကြစေလိုပါ။ ဆောရီး။

ကြန္မင့္တခု - လူကြီးတွေက နည်းပညာနောက်လိုက်ဘို့အခက်အခဲရှိတာနားလည်ပေးပါ။ Font changer နဲ့ပြောင်းဖတ်လို့ရနေတာဘဲ။

အသက်ကြီးလို့တော့ မဟုတ်ပါ။ အထက်ကစာထဲမှာ အကြောင်းပြချက် ၃ ခုတိတိပါထားတယ်။ ၂၀၁၉ ခု စက်တင်္ဘာလကတည်းက နေ့စဉ်နေ့တိုင်း မေးခွန်း ၅၀ ကျော်နဲ့ ကွန်မင့် ၅၀ လောက်ကို အသက်ကြီးလွန်းသူက ဖေါင့်ပြောင်းဖတ်နေပါတယ်။

အသက်ကြီးလို့ ညံ့ဖျင်းလာတာတွေလည်း တကယ်ရှိတယ်။ အသက်ငယ်လို့ မပြည့်ဝတာတွေလည်း အစစ်အမှန် ရှိပါတယ်။ ကြီးကြီးငယ်ငယ် အမှားလုပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး