Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်
• ကူးစက်မှုပေါင်း Coronavirus Cases: 297,712
• သေဆုံးသူပေါင်း Deaths: 12,831
• သက်သာသူပေါင်း Recovered: 94,625
• ကမ္ဘာ့စီပွါးရေးကျဆင်းမှု အန္တရာယ်ရှိနိုင်။
• ယူအက်စ်မှာ ၂၅၀ ကျော်သေဆုံးပြီး။
• ယူအက်စ်မှာ စီးပွါးရေး နလံထူလာရေး အလွန်ကြီးမားတဲ့ ငွေအထောက်အကူ $2 trillion အထိရှိနိုင်။
• နယူးယောက်မြို့မှာ ဆေးရုံဝတ်စုံ မလုံလောက်လို့ ရှိနေရ။ နယူးယောက်ပြည်နယ်က ဆေးရုံသုံးနှာခေါင်းစည်းတွေ ပို့ပေးလိုက်။
• ဗီယက်နမ်မှာ တနင်္ဂနွေနေ့ကစပြီး နိုင်ငံခြားသားမလာရအမိန့်ထုတ်လိုက်။
• အီဂျစ်မှာ ဘာသာရေးမော့စ်တွေ ၂ ပတ်ကြာပိတ်လိုက်။
• ပေါ်တူဂယ်လ်မှာ ၁၂ ယောက်သေဆုံး။
• စပိန်မှာ ၁၃၂၆ ယောက် သေဆုံး။
• ပြင်သစ်လေတပ်က ဆေးရုံကလူနာတွေ သယ်ပို့ပေး။
• အမေရိကန် FDA ကနေ point of care coronavirus test စမ်းသပ်နည်းသစ် အတည်ပြုပေးလိုက်။ စမ်းသပ်ချိန် ၄၅ မိနစ် ဝန်းကျင်သာကြာမည်။
• မနေ့က အမေရိကန်သမတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်အတွက် ငှက်ဖျားဆေး ကလိုရိုကွင်းကို game-changer အရာရာကို ပြောင်စေနိုင်မဲ့ဆေးလို့ ပြောခဲ့။
• ကနေ့ ဒေါက်တာဖေါ်ချီက မျက်လှည့်ပြသလိုစွမ်းတဲ့ဆေး မရှိပါလို့ ပြောလိုက်။ Dr. Fauci က အမေရိကန် National Institute of Allergy and Infectious Diseases အလာဂျီနှင့် ကူးစက်ရောဂါများ အင်စတီကျုက ဒါရိုက်တာဖြစ်ပါတယ်။ ကာကွယ်ဆေး ကုသဆေးမှာ သူ့ထက်ကြီးသူ မရှိ။
ငှက်ဖျားဆေးအကြောင်း ပဉ္စလက်ဆေးလိုလို မြန်မာလိုဘာသာပြန်တင်နေကြတာတွေလည်း သတိထားသင့်ကြပါတယ်။
သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ မပို့ပါရန်။ ပို့စ်မှာမပါတဲ့ သတင်းတွေလည်း ရှိပါတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၂၀
နေ့ ၁ နာရီ ၅၆ မိနစ်။

Comments
Post a Comment