Coronavirus and Foods ကိုရိုနာနဲ့ စားစရာ

ခဏခဏ ဖြေနေရတယ်။
စားစရာကနေ မကူး
စားစရာနဲ့ မကာကွယ်နိုင်
စားစရာနဲ့ ကုသလို့မရ

၁။ တရုပ်အစားအစာတွေ စားကြပါတယ်။ တရုပ်ပြည်က စဖြစ်တာ။
၂။ ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာဆိုတာ မြေထဲပင်လယ်စာ။ အီတလီမှာ ဆိုးနေတယ်။
၃။ ဒံပေါက်လို အာရတ်စာတွေလည်း ရံဖန်ရံခါ စာတယ်။ အီရန်မှာလည်း ဆိုးတယ်။
၎။ ဘိုစာတွေလည်း တခါတလေစားကြတယ်။ ဥရောပနဲ့ အမေရိကားမှာ ပြန့်နေပြီ။
၅။ ဗမာစာ မွေးကတည်းကစားလာတာ။ အခု စဖြစ်တယ်။

အစားအစာ နေရာတကာအရေးကြီးတာ မှန်တယ်။ ကျန်းမာနေစေဘို့ ဖြစ်တယ်။ ကျန်းမာနေမှသာ ဘယ်ရောဂါဖြစ်ဖြစ် ခံသာမယ်။ ကိုယ်ခံကျန်းမာရေး မကောင်းသူတွေမှာ အခုရောဂါဖြစ်ရင် ပိုဆိုးကြတယ်။

ဘယ်ဟာတွေက ကောင်းတယ်ပြောတာတွေ မှားတယ်။ လူဆိုတာ အစုံးစားသတ္တဝါ။ သန့်ရှင်း လတ်ဆတ်ရမယ်။ ဘာစာစား လက်ဆေးပြီးမှသာ စားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး