There's no magic bullet. No magic vaccine or therapy. It's just behaviours.

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဆေး၊ ကုသဆေး၊ ရပ်တန့်စေနည်းအတွက်
ပဉ္စလက်နည်း မရှိ။
ဆေးတောင်ဝှေး မရှိ။
မျက်လှည့်ဆရာ ထုတ်ချောင်း မရှိ။

ကျွန်တော်တို့အားလုံးရဲ့ မှန်ကန်တဲ့ အမူအရာ (နေထိုင် သွားလာ လုပ်ကိုင်ပုံ) တွေကနေ နောက် ရက်ပေါင်း ၃၀ မှာ အခုဖြစ်နေတဲ့ ကပ်ရောဂါဆိုးကြီးကို လှည့်ပြောင်းစေနိုင်ပါမယ်။

အမေရိကန် တာဝန်ရှိဆရာဝန် Dr Birx က ကနေ့မနက်မှာ ပြောလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်အတွက်လည်း ပဉ္စလက်နည်း မရှိပါ။ ဆေးတောင်ဝှေး မရှိပါ။ မျက်လှည့်ဆရာ ထုတ်ချောင်း မရှိပါ။ မှန်ကန်တဲ့ အမူအရာ (နေထိုင် သွားလာ လုပ်ကိုင်ပုံ) တွေ ရှိကြပါစေသတည်း။

မမှန်တဲ့အပြောတွေ မှားတဲ့ အရေးအသားတွေ လိမ်လည်တာတွေ ရပ်တန်းကရပ်ကြစေလိုပါတယ်။

ကျွန်တော် ပဌမတင်တဲ့စာမှာ အမူအရာသတ်ပုံမှားတာကို ထောက်ပြသူတယောက်တိတိရှိ။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၂၀

Comments