Coronavirus Vaccine Links ရေးပြီးသမျှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လင့်များ

စမ်းသက်မှု အားလုံး အောင်မြင်ခဲ့ပါတယ် ဒီ ညမှာ သုံးစွဲခွင့် အမေရိကန်မှာဆုံးဖြတ်ချက်ချပါတော့မယ် nshalar အစဉ်ပြေတော့မှာပါ COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး

ဆရာရေးခဲ့တာလားဆရာ

မေးတာ ၅ ယောက်လောက်ရှိပြီ။ စမ်းသက်မှု သတ်ပုံမှားနေတယ်။ အစဉ်ပြေတော့မှာပါ သတ်ပုံမှားနေတယ်။ မေးတဲ့သူတွေက အဲဒီသတ်ပုံအမှားတွေကို မသိကြ။ အမှန်က အမှား ၃ ခုပါတယ်။ တခုက ဘာလဲ မမှတ်မိ။

ကျွန်တော်ရေးပြီးသမျှ Coronavirus Vaccine Links ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လင့်တွေ ၆ ခုရှိတယ်။

၁။ Monday, March 2, 2020
COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး

၂။ Monday, March 2, 2020
Coronavirus Vaccine News ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်း အဆက် https://doctortintswe.blogspot.com/2020/03/coronavirus-vaccine-news.html

၃။ Monday, March 16, 2020
A clinical trial for a vaccine to protect against the new coronavirus ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှင်းလင်းတင်ပြချက်

၎။ Monday, March 16, 2020
A clinical trial for a vaccine to protect against the new coronavirus https://doctortintswe.blogspot.com/2020/03/a-clinical-trial-for-vaccine-to-protect.html

၅။ Friday, March 27, 2020
Roche coronavirus test gets emergency FDA approval https://doctortintswe.blogspot.com/2020/03/roche-coronavirus-test-gets-emergency.html

၆။ Saturday, March 28, 2020
Coronavirus Vaccine News ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းများ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ ကုသဆေးနဲ့ စမ်းသပ်ကရိယာ ၃ မျိုးကို ရောရေးတာတွေလည်း တွေ့ရတယ်။ အမှားတွေ။ အလိမ်အညာတွေ။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေနေပြီဆိုပြီး အင်တာနက်ပေါ်က ကောက်ယူလာတဲ့ လက်မောင်းမှာ ဆေးထိုးနေပုံနဲ့ ဟာတွေကို မဟုတ်ရပါကြောင်းပြောတယ်။ အဲတာလည်း မရ။ အနည်းဆုံး ၂ ယောက်ကို ဘလော့လိုက်ရတယ်။

အခုတင်တဲ့ပုံက အစစ်။ The New York Times ၁၈-၃-၂၀၂၀ နေ့ကပုံ။ Trial of Coronavirus Vaccine Made by Moderna Begins in Seattle

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး