Posts

Showing posts from February, 2018

မောင်သာရ၏ဝတ္ထုများ

Image
ဂျပန်ဖိနပ်တဖက် မန္တလေးဖိနပ်တဖက် မိန်းမတဖက် ပုလင်းတဖက် တချုံကွယ် တမယ်မေ့တတ်သူရဲ့ ရေကြည်ချမ်းမြ တပေါက်ကလေးကျရုံမျှနှင့် ဆံတပင်တင်း ချစ်ခြင်းမယား သစ်တပင် အရိပ်တခု တခုသောကျေးကား ခိုးသားငါးရာနှင့် ပေါင်းမိလေ၏ ဒေါက်တာတင့်ဆွေ ၁-၃-၂ဝ၁၈

Twenty နှစ်ဆယ်

Image
• ပုလဲမြို့နယ် မင်းရွာကျောင်းမှာ ၂ဝ အလီအထိ အလွတ်ကျက်ခဲ့ရပါ။ • မုံရွာ အထက၊ ဓါတုဗေဒသင်ရတာ ကယ်လစီယမ်မှာ အက်တွန် ၂ဝ ရှိသတဲ့ဗျာ။ • မန်းဆေးကျောင်းမှာ သင်ရပါ၊ မျက်စိအမြင်တိုင်းတာ ၂ဝ/၂ဝ ဟာ ပုံမှန်တဲ့ဗျာ။ • နှစ်ဆယ်ရာစုမကုန်ခင်ကတည်း မြန်မာပြည်က ထွက်ခွါလာ။ • အတောင်နှစ်ဆယ်ဝတ်ဆိုတဲ့ကျွန်တော်ဟာ ကျော်ဖြတ်ခဲ့ပြီးတာ မြစ်ပေါင်း ၂ဝ မကပါ။ • ခုနေခါ ငယ်ပေါင်းတွေနဲ့ နေရာဟောင်းတွေကို ပြန်တွေ့ချင်တာ အဆ ၂ဝ အလွယ်ရှိမှာ။ ဒေါက်တာတင့်ဆွေ ၁-၃-၂ဝ၁၅ ၁-၃-၂ဝ၁၈

U အူး

Image
ညတုန်းကမအိပ်ခင်မှာ ဦး နဲ့ ဥူးကိုရေးခဲ့တယ်။ ကွန်မင့်တွေမှာ လေးလေးနက်နက်ရေးတာတွေဖတ်ရတယ်။ ကျေးဇူး။  ရွှေကျင်သံဃာတော်တွေက ဥူးနဲ့ သုဓမ္မာသံဃာတော်တွေက ဦးလို့ရေးကြောင်း ဖတ်ရတယ်။ နောက်ပိုင်းမှာ ရွှေကျင်နဲ့ သုဓမ္မာ ရောထွေးလာနေတယ်။ ကျွန်တော်တို့က U ကို ဦးလို့ အသံထွက်ကြတယ်။ ရခိုင်တွေက သားဦးယောက်ျားလေးတိုင်း နာမည်အစမှာ ဦးထည့်မှည့်တယ်။ နောက်ဆုံးအလုံးကပါ ဦးဖြစ်နေရင် အင်္ဂလိပ်လိုပေါင်းတော့ ယူ ကတလုံး၊ အိုအို ကတလုံး။ ၁၉၈၈ အရေအခင်းကြီးအပြီး ကျောင်းသားတွေ အိန္ဒိယဖက်ကို ပြေးကြတော့ အဲဒီမှာရှိနေကြတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ကြိုဆိုကြတယ်။ သူတို့က ဝန်ကြီးချုပ်ဦးနုကိုသိကြတယ်။ စကားထဲမှာ (ယူနု၊ သာကင်) လို့အသံထွက်တယ်။ အဲတာ ကျွန်တော်တို့ကျောင်းသားတွေက နားမလည်ကြဘူး။ ဟာ့ မင်းတို့က နိုင်ငံရေးလုပ်မှာ မင်းတို့ ဝန်ကြီးချုပ် နာမည်တောင်မှ မသိကြဘူးလားဆိုတော့မှ အော့့် ဖြစ်ကြရတယ်။ စာအုပ်တွေမှာ လူနာမည်ရေးရင် ရေးထုံးလုပ်ထားတာက ဘွဲ့သဘောစာလုံးကို နောက်မှာသာထားတယ်။ U Nu, Thakin ယူနု၊ သာကင် ဆိုတာ ဦးနု၊ သခင် = သခင်ဦးနု ကိုရေးတာ။ ဂျာမန်၊ အိန္ဒိယနဲ့ မီဇိုးစာမှာလည်း U ကို အူးလို့ထွက်ပါတယ်။ ဂျာမန်စကားတတ်တဲ့ ဖရင်းတယောက

တာရှည်ခံ အလှ

Image
ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ဂုဏ်ယူစရာအမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ် သူများတွေကိုပြောပြရင် မခံစားတတ်ကြပါ။ ကိုယ်အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။ စိန်ပန်းက တနှစ်လုံးလိုလို ပွင့်ပါတယ်။ အမွှေးနံ့က မရှိရှာတော့ လူသူတွေဂရုစိုက်တာ မခံရပါ။ ရာသီချိန်ရောက်တဲ့အခါ ပိတောက်ပင်တွေက ပွင့်လာကြတယ်။ လှလွန်း မွှေးလွန်းလို့ သူ့ခေါင်းမှာလည်း ပိတောက်ပန်း၊ ကိုယ့်ခေါင်းမှာလည်း ပိတောက်ပန်း။ လွမ်းလောက်ပါတယ်။ ဂုဏ်မောက်စရာ ကောင်းလှပါပေတယ်။ ကျွန်တော်တို့ဆေးမန်းမှာ လွမ်းစရာရယ်လို့ ပြောစမှတ်သင်္ကေတ မရှိပါ။ ကျောင်းရှေ့တည့်တည့်မှာ စိန်ပန်းပင်သာရှိတယ်။ အရောင်ကလည်း အနီရောင်ရိုးရိုးပါ။ အပင်အောက် ရပ်စောင့်နေတိုင်း ခေါင်းပေါ်မှာ အရွက်ခြောက်တွေက ကျကျလာတော့ ဘယ်မှာလာ စိတ်ကူးယဉ်စရာဖြစ်မှာတုန်း။ ဒါပေမဲ့ သူ့ရဲ့တာရှည်ခံလှတဲ့သက်တမ်းကို ပိတောက်ပန်းကို ကမ်းချင်တယ်လို့ စိန်ပန်းခင်မြာ မုဒိတာပွါးနေရှာပါသတဲ့။  (တက္ကသိုလ်ဘုန်းနိုင်ရဲ့ကဗျာတပုဒ်ကို မှီးပါတယ်။) မြန်မာပြည်မှာ အလှတွေ တာရှည်ခံပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၁-၃-၂ဝ၁၇ ၁-၃-၂ဝ၁၈

မောင်သာရက သည်လိုပြောပါသတဲ့

Image
မြန်မာစာအရေးအသား အလေးထားသူတယောက်က ပို့ပါတယ်။ ၂၇-၈-၂ဝ၁၅ နေ့က ဆရာမောင်သာရကို လာကန်တော့ကြတဲ့ နာမည်ရ စာရေးဆရာတွေထဲက တဦးကနေ ရေးထားတဲ့ စာထဲမှာ - ၄ နာရီခြား တစ်ခါရှူရတယ် တစ်ခါတရံကျတော့လည်း စာမျက်နှာတစ်ထောင်ကျော် ၄ နာရီ တစ်ကြိမ် လေရှူရတဲ့ သူ့စာထဲမှာပဲ ဆရာမောင်သာရက သည်လိုပြောပါသတဲ့။ သတ်ပုံ သတ်ညွှန်း ငါ့မူနဲ့ငါပဲ။ ဦးနေဝင်းလုပ်သွားတဲ့ တစ်တွေ ငါမကြိုက်ဘူး။ ငါ့စာမူ ငါ့မူနဲ့ ငါပဲ။ ငါ့လက်ရေးအတိုင်း ငါ့အထားအသိုအတိုင်း မပြင်နဲ့ ငါမကြိုက်ဘူးလို့ ပါတယ်။ မောင်သာရရေးထားတဲ့ စာအုပ်တအုပ်က ညီအကို မသိတသိ။ ခုခေတ်စာရေးဆရာ ကိုသာရတို့ ကဗျာဆရာမ ခင်သာရတို့က ညီအစ်ကို မသိတစ်သိလို့ ရေးကြတယ်။ ညီအကိုမှန်း မောင်နှမမှန်း သားအဖမှန်း သိကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၃-၁-၂ဝ၁၈ ၁-၃-၂ဝ၁၈

Stomach အစာအိမ်ဖြစ်နေတာ

Image
ကျတော့်အသက် ၂၈ပါ။ ယောက်ျားလေးပါ။ အစာအိမ်ဖြစ်နေတာ ၃နှစ်ရှိပါပြီ။ အရက် ဘီယာ တခါတလေ သောက်တက်ပါတယ်။ သောက်ပြီးရင် အစာအိမ်အတွက်ဆေးပြန်သောက်ရပါတယ်။ သတင်းတခုမှာ အစာအိမ်မှာ ပိုးရှိနေရင် အချို ရှောင်ရမယ်ရေးထားပါတယ် အဲ့တာ enervon-c နဲ့ livolin forte သောက်နေတာ ရပ်ရမလား မသိလို့ပါဆရာ။ အမြဲလေးစားလျှက်ပါ ဆရာခင်ဗျာ။ အစာအိမ်မှာ ဘာဖြစ်နေ မသိပါ။ စမ်းသပ်စစ်ဆေးမှသာ ရောဂါအမည်နဲ့ ဖြစ်တဲ့နေရာကို သိပါမယ်။ သတင်းတခုဆိုတာ ဘယ်လိုပုဂ္ဂိုလ်ရေးမလဲ မသိပါ။ ကျွန်တော်သိတာနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ အများစုဖြစ်တဲ့ လေနာ ခေါ် အစာအိမ်နာဖြစ်နေသူတွေ လူနေမှုပုံစံပါပြောင်းဘို့ လိုတယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ မယ်ဒီတေးရှင်းလုပ်တာ ကောင်းတယ်။ လေနာရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူးလို့ သတ်မှတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖိအားနဲ့ထည့်ထားတဲ့ ဘီယာ၊ ဆိုဒါ၊ စပရင်း-ဝါးတား၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီ-ဒရင့်ခ်တွေက လေနာအတွက်မကောင်းပါ။ Sodium bicarbonate ဆော်ဒါမှုံ့သောက်ရင် ချက်ချင်

WHR ခါး-တင် အချိုးအစား

Image
(ကန်တော့ပါ) စောစော ရေးလိုက်တယ်။ အမျိုးသမီးတွေ ခါးနဲ့ တင်ပါးအတိုင်းအတာ အချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်သူတွေကို လေ့လာတာဖြစ်တယ်။ ယောက်ျားတွေထက် ပိုနေတာ တွေ့ရတယ်တဲ့။ ခါး-တင် အချိုးအစားကို Waist-to-hip ratio (WHR) လို့လည်းခေါ်တယ်။ WHR ကနေ ကျန်းမာရေးကိုညွှန်ပြနေတယ်။ မျိုးပွါးနိုင်စွမ်းအခွင့်အလမ်းကိုလည်း ညွှန်ပြနေတယ်။ ခါး-တင် အချိုးအစားဆိုတာ W ခါးပတ်လည်အတိုင်းအတာနဲ့ H တင်ပတ်လည်အတိုင်းအတာကို (W ÷ H) အချိုးချတာ ဖြစ်တယ်။ ဥပမာ ခါးပတ်လည် 30″ (76 cm) နဲ့ တင်ပတ်လည် 38″ (97 cm) ရှိသူရဲ့ WHR ဟာ 0.79 ဖြစ်တယ်။ တိုင်းတာနည်းမှာ WHO ပရိုတိုကော်လ်ရှိတယ်။ ခါးပတ်လည်တိုင်းတဲ့အခါ စမ်းလို့ရတဲ့ အောက်ဆုံးနံရိုး အနားကနေ တင်ပါးဆုံရိုးကွင်းရဲ့ ရှေ့မှာရှိတဲ့ Iliac crest ခေါ်အစွန်းနေရာထိပ်ကြား အလယ်တည့်တည့်အမှတ်ကနေ ပတ်ပတ်လည် အလျားကို တိုင်းရမယ်။ ပေကြိုးကလည်း ဆန့်မရတဲ့အမျိုးအစားဖြစ်ရမယ်။ တင်ပတ်လည်တိုင်းတာမှာ အကားဆုံးနေရာ အလယ်တည့်တည့်မှာ ပတ်ပတ်လည်အလျားကိုတိုင်းယူရမယ်။ ပေကြိုးက ကြမ်ပြင် မြေပြင်နဲ့ အပြိုင်ရှိနေရမယ်။ လူကလည်း ခြေစုံမတ်မတ်ရပ်နေရမယ်။ လက်တွေက ကိုယ်ဘေးမှာကပ်ထားရမယ်။ ကိုယ်အလေးချိန်က ဘယ်ညာ မျှနေရမယ်။ အ

မုံ့ဖက်ထုပ် အမေရိကမှာလုပ်

Image
ကောက်ညှင်းဆန်မှုန့်၊ ထန်းလျက်နဲ့ အုန်းသီးဆံတွေက ထိုင်းကနေလာပုံရတယ်။ မြေပဲဆံကတော့ အိန္ဒိယလို့မှတ်တယ်။ ငှက်ပျောဖက်ကတော့ ကျူးဘားကနေလာသလား မပြောတတ်။ မုံ့ဖက်ထုပ်ကို လုပ်ပို့သူက ရခိုင်။ စားတဲ့သူကိုယ်တိုင်က အညာသား။ ကမ္ဘာကြီး ပြားသလားတော့ မသိ။ မုံ့ဖက်ထုပ်ဆိုတာ ဘယ်မှာနေနေ စားလို့ရနေတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂ဝ၁၈

Waist size bigger heart attack risk in women

Image
အမျိုးသမီးများ ခါးတုတ်ရင် နှလုံးရောဂါရလမ်း ပိုစေနိုင် လွန်ခဲ့တဲ့ ၃ နာရီက သတင်းဖြစ်ပါတယ်။ အမျိုးသမီးတွေ ခါးနဲ့ တင်ပါးအတိုင်းအတာ အချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်သူတွေကို လေ့လာတာဖြစ်တယ်။ ယောက်ျားတွေထက် ပိုနေတာ တွေ့ရတယ်။ ကိုယ်ခန္ဓာပုံပန်းမှာ ခါးတုတ်သူတွေကို ပန်းသီးပုံလို့ ခေါ်ပါတယ်။ Waist-to-hip ratio ခါး-တင် အချိုးအစားဟာ ဝတယ်လို့ပြောလေ့ရှိတဲ့ Body mass index (BMI) ကိုယ်ထုထည်ထက် ပိုပြီးပြောလို့ရတယ်။ ယောက်ျားတွေမှာ ၆% က နှလုံးရောဂါရကြပြီး အမျိုးသမီးတွေမှာ ၁၈% ရတယ်။ ဆောရီး။ BMI များရင် ကျားရော မ ပါ နှလုံးရောဂါရလမ်းပိုတယ်။ ဒီလေ့လာမှုကို ယူကေနိုင်ငံမှာ အသက် ၄ဝ ကနေ ၆၉ နှစ်ရှိသူ လူပေါင်း ၅ သိန်းကိုလေ့လာခဲ့ပါတယ်။ Heart attack symptoms နှလုံးရောဂါလကဏာတွေကတော့ 1. Chest pain ရင်ပတ်နာခြင်း၊ နာတာက ကိုယ်တခြမ်းနဲ့ လက်အထိနာခြင်း၊ 2. Feeling lightheaded or dizzy ခေါင်းထဲပေါ့နေပြီး မူးခြင်း၊ 3. Sweating ချွေးပြန်ခြင်း၊ 4. Shortness of breath အသက်ရှူမဝခြင်း၊ 5. Feeling or being sick နေမကောင်းတာကိုခံစားရခြင်း၊ 6. Overwhelming sense of anxiety စိုးရိမ်စိတ်လွန်ကဲခြင်း၊ 7. Coughing or

Burma Vs Myanmar (2) မြန်မာဆိုတာဘာလဲ (၂)

Image
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း အစိုးရသစ်ရဲ့ မူဝါဒတွေကို အဓိက အလေးပေးပြောကြားသွားခဲ့သလို၊ သံတမန်တွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Burma နဲ့ Myanmar အဆင်ပြေတာကိုခေါ်ဖို့ ပြောသွားခဲ့ပါတယ်။ (စ) တလက်စတည်း ဒီမှာပဲ Burma နဲ့ Myanmar ကိစ္စကိုလည်း ကျမအနေနဲ့ ရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေထဲမှာ ဘယ်ဟာကို ခေါ်ရမှန်းမသိတဲ့သူတချို့လည်းရှိပါတယ်။ အဲဒီတော့ အဆင်ပြေတာကိုခေါ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံထဲမှာ ဘယ်ဟာကို သုံးရမယ်ဆိုပြီး ပြောထားတာမရှိပါဘူး။ ကျမက Burma ကိုသုံးနေကြဆိုတော့ Burma ကို ဆိုတာကိုမကြာခဏသုံးပါတယ်။ ဒါပေမဲ့ ကျမ ဒီလိုခေါ်လို့ တခြားလူတွေလည်း လိုက်ခေါ်ဖို့လိုတယ်မဟုတ်ပါဘူး။ ရှင်တို့အားလုံး အဆင်ပြေသွားအောင် ကျမလည်း နောက်ပိုင်းမှာ မြန်မာလို့ ကြိုးစားပြီးခေါ်ပါမယ်။ (ဆုံး) အကြောင်းတိုက်ဆိုင်လို့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကစာ ပြန်တင်ပါရစေ။ အင်္ဂလိပ်လူမျိုးတွေနဲ့ အင်္ဂလိပ်စာသုံးသူတိုင်းကနေ ကျွန်တော်တို့တိုင်းပြည်ကို Burma နဲ့ လူမျို

Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁)

Image
ကျမအသက် ၃ဝ ပါရှင့်။ မြန်မာမှာနေပါတယ်။ ဖတ်ရတာ အောင့်သက်သက်နေတယ်။ ပြည်ပမှာနေသူတတွေက မြန်မာပြန်တုန်းကလို့ပြောတိုင်း အော့့် သူက ဘာသာပြန် လုပ်တာကိုးလို့ ထင်မိတယ်။ မြန်မာဆိုတာ သဒ္ဒါအရ ဘာလဲ။ နာမ်စား၊ နာမဝိသေသနလား။ တိုင်းပြည်လား၊ လူမျိုးလား။ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ သည်လိုဆိုထားပါတယ်။ မြန်မာ = n. ဗမာ၊ 1. The people of Myanmar. 2. (a) Same as ဗမာ n; Bamar n; (b) “no longer current” Burmese; Burman. မြန်မာနိုင်ငံ / n. Myanmar အဘိဓာန်ရဲ့ဆိုလိုချက်က မြန်မာဆိုတာ နာမ်ဖြစ်တယ်။ ကျွန်တော့်အမြင်မှာ အားနည်းချက်ရှိနေတယ်လို့ ထင်ပါတယ်။ မြန်မာလူမျိုး၊ မြန်မာနိုင်ငံလို့ ရေးမှ ပြောမှသာ သဘောပေါက်ပါမယ်။ နာမဝိသေသနအသုံး နာမ်သာဖြစ်ပါမယ်။ မြန်မာ-အင်္ဂလိပ်အဘိဓာန် မမှားပါ။ မပြည့်စုံလို့သာထင်ပါတယ်။ အဓိပ္ပါယ်မှန်ဆိုတာကိုယ်၌က ဝိဝါဒကွဲစေလို့ အခုလို သူမှန်-ကိုယ်မမှား အငြင်းပွါးနေရတာဖြစ်ပါတယ်။ အင်္ဂလိပ်ကို အဓိပ္ပါယ်ဖွင့်သလိုဖြစ်သင့်ပါတယ်။ English (က) Noun နာမ် 1. The language of England အင်္ဂလန်ဘာသာစကား 2. The people of England အင်္ဂလန်လူမျိုး (ခ) Adjective နာမဝိသေသန Relating to England, its people, or their lang

Collagen ကိုလာဂျင် နဲ့ မလှချင်

Image
၁။ ဆရာရှင့် သမီးကအခု အသက် ၃၃ နှစ်ရှိပါပီ။ အသားအရေလှချင်လို့ Collagen သောက်တာ ၅ရက်လောက်ရှိပါပီ ကိုယ် အလေးချိန် ၁၅၃ ပေါင်ကို ဝိတ်ချထားပါတယ် အခု ၁၃၅ ပေါင်ပါ အခုသမီး မိတ်ဆွေထဲက ၂ယောက်ရှိပီ Collagen သောက်တာ ဝလာတယ်ပြောလို့ပါရှင့် သူတို့ကိုယ်တိုင်တဲ့ အဲ့ဒါ collagen သောက်ရင်ဝလားသိချင်လို့ပါရှင့် မေးတဲ့သူ ရာသီ မပြော၊ အိမ်ထောင်ရေး မပြောလို့ လင့်ကိုသာ ပို့လိုက်တယ်။ ပါပီ ၃ ကောင်ပြင်ရေးသင့်။ ၂။ မင်္ဂလာပါ ဆရာရှင့် သမီးသူငယ်ချင်းတယောက်က ပုံပါဆေးကိုသောက်နေပါတယ်။ အမျိုးသမီးတွေအတွက် အရွယ်တင်တယ်၊ ဆံပင်နဲ့ အသားအရေလှစေတယ်။ ပုံမှန်သောက်သွားရင် ကိုယ်အလေးချိန်ပါတက်စေတယ်လို့ ပြောပါတယ်ဆရာ။ ဆေးက Gluta ပါလို့ အသားရေ ဖြူစေတယ်လို့လည်းပြောပါတယ်။ သမီးက လွန်ခဲ့တဲ့ ၂ လ ကျော်လောက်ကစပြီး ဆံပင်တွေသိသိသာသာ ကျွတ်လာတာမို့ သူ့ကိုပြောပြတော့ သူက တခြားသော နည်းလမ်းတွေနဲ့အတူ ပုံပါဆေးကိုသောက်ကြည့်ဖို့ညွှန်းလာပါတယ်ဆရာ။ FDA ရပြီးသားလို့တော့ ပြောထားတာ တွေ့ပါတယ်ဆရာ။ ဒါပေမယ့်ဆရာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ ကြားဖူးတာမို့ မသောက်ရဲပါဘူးဆရာ။ ဆရာက အဲ့ဆေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေ မျှဝေပေးပါဦးဆရာ။ ဆရာကျန်းမာချမ်းသာပါစေ။ မေးခွန်းထဲက

Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း

Image
၁။ ဆရာ ရေကန်မှာ ပိုးလောက်လန်းတွေ ပေါက်နေလို့ မပေါက်အောင် ဘာလုပ်ရမလဲ ဆရာ။ လူကိုအန္တရာယ်မဖြစ်တဲ့ ဆေးတွေ ဘာတွေ ပိုးလောက်လန်းမပေါက်အောင် ကန်ထဲထည့်ထားလို့ရတာ ရှိလားဆရာ။ ၂။ ဆရာခင်ဗျား ခုလိုမိုးရွာတဲ့အချိန်မှာ ၇ လသားအရွယ်ကလေး ခြင်မကိုက်အောင် ဘာဆေးလိမ်းရမလဲခင်ဗျာ။ ဖြစ်တတ်တဲ့ရောဂါတွေရဲ့လက္ခဏာလေးတွေပါပြောပြပေးပါဦးဆရာ။ ဘယ်လိုလက္ခဏာဖြစ်လာရင် ဘာတွေ လုပ်ရမယ်ဆိုတာပါ။ ကလေးထိန်းနဲ့ထားရလို့ စိတ်မချလို့ပါဆရာ။ ကျေးဇူးအထူးတင်ပါတယ်။ တမြန်နှစ်နွေရာသီတုန်းက ခြင်နှိမ်နင်းရေးနဲ့ ဗီတာမင်ဘီ-ဝမ်းစာတင်တော့ ပွက်လောညံသွားခဲ့တယ်။ မှန်တယ် ပြောသူရော ရစရာမရှိအောင်ရှုံ့ချသူပါ များလွန်းတာ၊ ခြင်ပေါသလိုပဲ။ ခြင်နှိမ်နင်းရေး ရေးတဲ့သူကို ခြင်ပိုက်ကိုက်တယ်။ ကမ္ဘာမှာ ခြင်အမျိုးအစားပေါင်း (၃ဝဝဝ) ရှိတယ်။ လူပေါင်း (၂) သန်းလောက်ဟာ ခြင်ကနေကူးစက်တဲ့ရောဂါတွေကို ခံစားကြရတယ်။ ခြင်ကိုက်ခံရရင် ငှက်ဖျား၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ အဝါရောင် အဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ နိုင်းမြစ်အနောက်ဖက်ကမ်းရောဂါတွေကို ကူးစက်စေနိုင်တယ်။ ခြင်ထီးတွေက လူ့သွေးမစုပ်ပါ။ ခြင်မတွေကတော့ ဥအတွက်သွေးလိုလို့ သွေးစုပ်ရတယ်။ ခြင်လိမ်းဆေးတွေထဲမှာ DEET ပါတယ်။ 40% DEET

I am Myanmar လွှစင်ပေါ်ကမြန်မာ

Image
တိုင်းပြည်နာမည်ကို Myanmar လို့ပြောင်းပြီးကတည်းက တိုင်းတပါးသားတွေကို I am Myanmar, I speak Myanmar and I live in Myanmar မြန်မာမိုးမွှန်အောင်ပြောနေကြတယ်။ နားထဲမှာ တမျိုးကြီးပဲ။ I am English, I speak English and I live in English country (England) လို့သာပြောရပါတယ်။ I saw a saw in a saw ကိုအမှတ်ရစေတယ်။ မြန်မာပြည်မှာတော့ I saw a saw on a saw လို့ပြောကြတယ်။ လွှစင်ပေါ်မှာ လွှတချောင်းကို မြင်ခဲ့သည်လို့ပြောချင်ပုံရတယ်။ လွှစင်လို့ အဓိပ္ပါယ်မရပါ။ နားထောင်တဲ့သူကို ဆွဲဆောင်ချင်လို့ တမင်ပြောတဲ့ဝါကျသာဖြစ်ပါတယ်။ မမှန်ပါ။ မှန်တယ်ဆိုအုန်းတော့ မခန့်ပါ။ I saw a saw in a saw ဆိုတာက နာမည်ကြီးတဲ့သူမှာလည်း ပြဿနာတွေ ရှိတယ်တဲ့။ I saw a saw sawing a saw နဲ့ I saw a cut in a saw လို့လည်း ပြောကြတာရှိတယ်။ I saw a saw which could not saw ပုံထဲကစာ ဆိုလိုတာက ဖြတ်လို့မရတဲ့လွှကို မြင်ခဲ့သည်တဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ လွှတိုက်လို့ လွှဆွဲလို့မရတဲ့ လွှတွေက များတယ်။ ဆောရီး။ saw noun 1. a hand tool for cutting wood or other materials, typically with a long, thin serrated steel blade and operated using a backwar

Myanmerese မြန်မာဆိုတာဘာလည်း (၃)

Image
• Nyinyi Lwin Myanmarian ကိုလက်ခံရမယ်။ • Tint Swe အင်္ဂလိပ်စာရေးထုံးကတော့ အဲလို မဟုတ်ပါ။ စာတပုဒ်ရေးထားပါတယ်။ • Nyinyi Lwin အဲဒီနှစ်ကကိုယ်ကသင်္ဘောပေါ်မှာဖိလပိုင် အင်ဂျင်နီယာကလာပြောတယ် မင်းတို့နိုင်ငံနံမည် ပြောင်းသွားပြီ Myanmar တဲ့ ကိုယ်တွေကတော့ မြန်မာဆိုတာ ယခင်ကတည်းကရှိတာလို့ပြောတော့ သူကဒါဆို လူမျိုးကိုဘယ်လိုခေါ်မလဲဆိုတော့ ကိုယ်ကစဉ်းစားနေတဲ့အခါမှာ သူက ခပ်လွယ်လွယ်ပဲ Myanmese ပေါ့ကွာတတဲ့။ ပြုံးမိပါတယ်။ ယခင်တခါကလည်းဖတ်ဖူးပါတယ်။ ဗြိတိန်အင်္ဂလိပ်စာမှာ နာမ်စာလုံးအဆုံးသတ်ကနေ နာမဝိသသေနလုပ်ဖို့အတွက် စည်းစနစ်ထားတယ်။ • India – Indian • Malaysia – Malaysian • Indonesia - Indonesian • Singapore – Singaporean • China – Chinese • Myanmar - ? နိုင်ငံအမည်ပေါင်း ၂ဝ၅ ခုထဲမှာ r + ရှေ့က Vowel တလုံးနဲ့အဆုံးသတ်တာ Myanmar ကလွဲရင် East Timor နိုင်ငံသာ ရှိတယ်။ အဲတာကို Timor-Leste လို့ ပြောင်းလိုက်ပြီ။ Timor လို့ခေါ်စဉ်က အဲဒီကလူမျိုးတွေကို အင်္ဂလိပ်လို Timorese လို့ ရေးပါတယ်။ အဲတာကြောင့် အိန္ဒိယထုတ်အင်္ဂလိပ်သတင်းစာတွေက Myanmar – Myanmerese လို့ရေးကြတယ်။ သူတို့ကို မှားတယ်လို့ သွားပြောဘို့ မသင့်ပါ။ အင်္ဂ

မဟောသဓ ဇာတ်တော်ကြီး

Image
တနေ့သောအခါ ဆင်းရဲသူမတယောက်သည် မိန်းမငယ်တယောက် တချိန်ကလည်း တဖက်ကမ်းသို့ ၁၉၇၅ စက်တင်္ဘာလထုတ် တေဇရုပ်စုံမှ ဒေါက်တာတင့်ဆွေ ၂၇-၂-၂ဝ၁၈ ပုံပြင်တကာ့ ပုံပြင် လူငယ်တယောက်သည် ငါးငယ်တကောင် နောက်တကောင် ၁၉၇၅ စက်တင်္ဘာလထုတ် တေဇရုပ်စုံမှ ဒေါက်တာတင့်ဆွေ ၂၇-၂-၂ဝ၁၈

Myanmar နာမ် နှင့် နာမဝိသေသန

Image
ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ မြန်မာစကားပြောကျောင်းသား၊ စပိန်စကားပြောကျောင်းသားနဲ့ အာရတ်စကားပြောကျောင်းသားတွေ တက်နေကြတယ်။ အထက်တန်းအဆင့်သာဖြစ်လို့ အင်္ဂလိပ်စာကို သဒ္ဒါ၊ အဖတ်၊ နားထောင်တာနဲ့ အရေးအသား သင်ပါတယ်။ သင် အမေရိကားကိုရောက်တာ ဘယ်လောက်ကြာပြီလဲ မေးခွန်းကိုဖြေကြတဲ့အခါ၊ အမေရိကန် နဲ့ အမေရိကား မှားနေရင် ပြင်ပေးရတယ်။ ကျနော် တရုပ်အစားအစာကို ကြိုက်သည်လို့ ဖြေကြတဲ့အခါ ချိုင်းနီးစ် နဲ့ ချိုင်းနားကို ပြင်ပေးရတယ်။ ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်၊ မြန်မာပြည်ကလာသည်၊ မြန်မာ့အစားအစာကိုကြိုက်သည်၊ မြန်မာစကားပြောသည်ကို ဖြေကြရင်တော့ တိုင်းပြည်ရော လူမျိုးရော၊ နာမ်ရော နာမဝိသေသနပါ မြန်မာချည်းသာဖြစ်နေလို့ တခြားတိုင်းပြည်တွေက ကျောင်းသားတွေက အံ့သြနေကြတယ်။ ကျွန်တော်က ပြင်မပေးရဲပါ။ ဒေါက်တာတင့်ဆွေ ၂၈-၂-၂ဝ၁၇ ၂၈-၂-၂ဝ၁၈ I am Myanmar လွှစင်ပေါ်ကမြန်မာ တိုင်းပြည်နာမည်ကို Myanmar လို့ပြောင်းပြီးကတည်းက တိုင်းတပါးသားတွေကို I am Myanmar, I speak Myanmar and I live in Myanmar မြန်မာမိုးမွှန်အောင်ပြောနေကြတယ်။ နားထဲမှာ တမျိုးကြီးပဲ။ I am English, I speak English and I live in English country

Chronic Colitis နာတာရှည် အူမကြီးရောင်ရောဂါ

Image
ဆရာရှင့် အသက် ၂၈ ပါ။ အိမ်ထောင်ရှိပါတယ်။ အရင်ကနာတာရှည်အူမကြီးရောင်တာဖြစ်ဖူးပါတယ်။ အခု ဝမ်းခဏခဏ ကိုက်လို့ အစာအိမ်မှန်ပြောင်းထပ်ကြည့်တာလဲ chronic antral gastritic stomach (bacteria density score 2) ပါတဲ့ဆရာ။ ဝမ်းစစ်တော့လဲ faecal calprotectin 2295 ပါတဲ့။ အခုပိုးသတ်ဆေးသောက်နေပါတယ်။ အခုဝမ်းသွားရင် စမြင်းခံတာ ၂ ရက်ရှိပါပြီ။ စအိုဝတခုလုံးလဲ ရောင်ပြီးနာနေပါတယ်။ ဘာလို့ပါလဲ။ စမ်သပ်ကုသပေးနေတဲ့ ဆရာဝန်တွေက အကောင်းဆုံး လုပ်ပေးကြပါမယ်။ ရော၈ာသိလိုရင် ဘလော့မှာ ဖတ်နိုင်တယ်။ 1. Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ https://doctortintswe.blogspot.com/2015/05/anorectal-diseases.html 2. Antral Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2015/04/antral-gastritis.html 3. Blood in Stool စအိုက သွေးယိုခြင်း https://doctortintswe.blogspot.com/2016/12/blood-in-stool.html 4. Colorectal cancer အူမကြီး ကင်ဆာ https://doctortintswe.blogspot.com/2015/03/colorectal-cancer.html 5. Crohn’s Disease ခရုန်းရောဂါ https://doctortintswe.blogspot.com/2015/07/ulcerative-colitis.html 6. D

Cystic hygroma ဆစ်စတစ် ဟိုက်ဂရိုးမား

Image
ဆရာရှင့် ကျွန်မအသက်က ၃၂နှစ်ပါ။ ကိုယ်ဝန်က ၃လပါ။ ဒုတိယမြောက်ကိုယ်ဝန်ပါရှင့်။ မနေ့က အာလ်ထွာဆောင်းရိုက်တော့ ကလေးရဲ့လည်ပင်းမှာ ရေအိတ်လိုအလုံးတစ်လုံးတွေ့တယ်လို့ပြောပါတယ်။ အလုံးကကြီးတယ်လို့လဲပြောပါတယ်။ အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲ သိချင်ပါတယ်။ စိုးရိမ်ရလားရှင့်။ နောက်ဆက်တွဲဆိုးကျိုးတွေကိုလဲသိချင်ပါတယ်ရှင့်။ အာလ်ထွာဆောင်းအဖြေစာမှာ Cystic hygroma လို့ဖတ်ရတယ်။ ဆောရီး။ ကလေးလည်ပင်းမှာ မွေးရာပါမဲ့ ချို့ယွင်းချက်တခု ဖြစ်တယ်။ သွေးပြန်ရည်စနစ်နဲ့ ဆိုင်တယ်။ ကိုယ်ဝန် ပဉ္စမပတ်နောက်ကစပြီး သွေးပြန်ရည်စနစ်ဖွံ့ဖြိုးလာတယ်။ ကိုယ်ဝန် ၁ဝ ပတ်မှာ အာလ်ထွာင်ဆောင်းရိုက်ရင် ရှိနေရင် သိနိုင်တယ်။ ကလေးလည်ပင်းနေရာမှာ အရည်ထုထည်က ရှိသင့်တာထက်များနေမယ်။ increased nuchal fold လို့ရေးတယ်။ nuchal thickness ဒါမှမဟုတ် nuchal lucency လို့လည်းရေးတယ်။ ကိုယ်ဝန် ၁၅-၂ဝ ပတ်မှာ သွေးစစ်ရင်လည်း သိနိုင်တယ်။ Alpha-fetoprotein (AFP) ကိုတိုင်းတာတာဖြစ်တယ်။ သေးသေးနည်းနည်းသာရှိရင် ပျောက်သွားနိုင်တယ်။ ၃-၄ ပတ်တခါ ထပ်စစ်နေရမယ်။ အများအားဖြင့်တော့ မသေးကြပါ။ ဆောရီး။ ၈၅% လောက်မှာ ဦးခေါင်းအရွယ်အစားထက် ကြီးနေတယ်။ အရည်များလွန်းတာကို Hydrops လို့ခေါ်တယ်။

Watery baby's eyes ကလေးမျက်ရည်ဝဲနေခြင်း

Image
၁။ ဆရာရှင့် ကျွန်မသားလေးကလေးလပြည့်တော့ပါမယ် အခုသားလေးညာဘက်မျက်လုံးကမျက်ရည်လေးအမြဲဝဲနေလို့ပါ။ အဲ့ဒါဘာကြောင့်လဲတော့မသိပါရှင့် ဘယ်လိုပျောက်ကင်းအောင်လုပ်ပေးရမလဲဆရာ။ လေးစားစွာဖြင့် ၂။ မင်္ဂလာပါဆရာရှင့်။ ကျွန်မကလေးက ၄ လပါဆရာ။ ကလေးရဲ့ ညာမျက်လုံးမှာ မျက်ရည်အမြဲကျပါတယ်ဆရာရှင့်။ စိုးရိမ်ရလားရှင့်။ အခုကလေးမျက်လုံးကို ဝါကွမ်းလေးနဲ့ဘဲ သုတ်ပေးတယ်ရှင့်ဆရာ။ ဘယ်လိုလုပ်ပေးရမလဲဆရာ ဖြေပေးပါနော်ဆရာရှင့်။ ၂။ ကလေးမွေးပြီးတပါတ်နေမှ သတိထားမိတာပါ။ ကလေးအသက် ၁ နှစ်ရှိပါပြီ။ မျက်လုံးတဖက်တည်းက ယိုနေတာပါဆရာ။ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ရင် ပျောက်ကင်းနိုင်မလဲ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေပေးပါဆရာ။ မွေးကာစကလေးမှာ မငိုပဲနဲ့မျက်ရည်ဝဲနေရင် မျက်ရည်လမ်းကြောင်းလေးက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်ပါမယ်။ ကလေး ၁ဝ ယောက်မှာ ၁ ယောက်လောက် အဲလိုဖြစ်တတ်ကြတယ်။ သူ့အလိုလို ဖွံ့ဖြိုးမှုမီလာရင် ပြန်ကောင်းပါမယ်။ လူတိုင်းမှာ Lacrimal glands ခေါ်တဲ့ မျက်ရည်အိတ် တစုံစီ မျက်စိရဲ့အထက်နေရာမှာပါကြတယ်။ အဲဒီကနေ မျက်ရည် အမြဲထွက်နေပြီး မျက်ရည်ပြွန်ငယ်လေးကနေ နှာခေါင်ထဲစီးကျနေရမယ်။ အဲဒီအလုပ်မလုပ်နိုင်ရင် ထွက်သမျှ မျက်ရည်က မျက်လုံးမှာပဲ စိုရွှဲနေမယ်။ မ်

Stress စိတ်ဖိအားများခြင်း

Image
၁။ မင်္ဂလာပါဆရာရှင့် ကျမက ဆရာရေးတဲ့ အမျိုးသမီးဆိုင်ရာကျန်းမာရေးစာတွေကို  လေ့လာဖူးပါတယ်။ ခုက  ကျမရဲ့အမျိုးသားအတွက် ဆရာ့ရဲ့ညွှန်ကြားချက်လေးလိုချင်လို့ပါ။ အမျိုးသားက အသက် ၃၃ပါ။ stress တွေ သိပ်များပါတယ်။ အလုပ်တွေနဲ့လဲမနားရပါဘူး။ သူ့အတွက် ဘာအားဆေးက သင့်တော်မလဲဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်။ ၂။ ကျနော်က ဆရာတယောက်ပါ။ ဒီကနေည ၇နာရီလောက်ကမှ တပည့်မလေးတယောက်က ကြောက်တယ် ကြောက်တယ်၊ ငါ့ကိုသူတို့ စာကျတ်လို့ မရအောင် လုပ်နေကြတာဆို ရုတ်တရက်ထငိုပါတယ်။ သူ့မှာ အသိစိတ် ပျောက်မနေပါဘူး။ ဆရာဆရာမတွေကို သူသိနေပါတယ်။ ဒါပေမယ့် အတင်းရုန်း ငိုနေတော့ သူရဲပူးတယ်ဆိုပြီး တခြားကလေးတွေလည်း ကြောက်နေပါတယ်ဆရာ။ ဒါမျိုးဖြစ်ရပ်ကို ဆေးပညာလောကမှာ ဘယ်လိုခေါ်ပါသလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်ပါသလဲ။ ဖြစ်လာခဲ့တဲ့အခါမှာလည်း လူနာအပေါ် ဘယ်လို ပြုစုစောင့်ရှောက် ထိန်းသိမ်းရမယ်ဆိုတာလေးပါ သိချင်ပါတယ်ဆရာ။ မနက်ဖြန် ကျောင်းတွင်း ၁ဝဝ ဖိုးမေးခွန်း စာမေးပွဲဖြေမှာပါ။ စိတ်ဖိအားဆိုတာ ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်အရချက်နဲ့ စိုးရိမ်စရာတခုခုကြုံတဲ့အခါတွေမှာ ဖြစ်လာတယ်။ ဘေးရန်တခုခုနဲ့ ရင်ဆိုင်ရတိုင်း ပြန်လည်တိုက်ခိုက်ဖို့ အလိုလိုတုန့်ပြန်မှုဖြစ်တာလည်းပါတယ်။ က

Stress Affect Your Appearance စိတ်ရုပ် ဖိအားနှင့် အသွင်အပြင်

Image
တခါကလည်း formarlin အကြောင်းနဲ့ ကျနော်ဆရာကို မေးဖူးပါတယ်။ တကူးတက ဖြေပေးခဲ့တဲ့အတွက် ဗဟုသုတအများကြီးရခဲ့ပါတယ်။ ကျေးဇူးအများကြီးလည်းတင်ပါတယ်။ ခုတခုကတော့ လူတွေမှာ စိတ်ဖိစီးမှုကြောင့် ရုပ်ရည်သွင်ပြင်ပြောင်းလဲလာသလားဆိုတာ သိချင်ပါတယ်။ တခါတလေများ အလုပ်တွေကို အာရုံစိုက်ရင်း ရှည်မှန်းမသိ ရှည်လာတဲ့ လက်သည်းတွေ မုတ်ဆိတ်တွေက လူပေါ်မူတည်ပြီး ရှည်ချိန်ရောက်လို့ ရှည်လာတာလား။ ဒါမှမဟုတ် အလုပ်ဒဏ်ကြောင့်ဖြစ်လာတဲ့ ဖိစီးမှုတွေကြောင့်လား။ တခါတလေ ပုံမှန်ထက်မြန်တယ်လို့ ခံစားမိပါတယ်။ တခါက ကျနော့်အထက်အရာရှိတခုက ရာထူးတိုးယူပြီး ဆံပင်ဖြူလာတယ်။ တာဝန်တွေကြီးလာတယ်။ ပုံမှန်ရာထူးတုန်းက အလုပ်ကိုင်နိုင်နင်းပြီး အေးအေးဆေးဆေးဖြတ်ကျော်လာတယ်။ ဘာမှပြောင်းလဲမှုမရှိခဲ့ဘူး။ ရာထူးတိုးယူပြီးတော့ တာဝန်ကြီးကြီးထမ်းဆောင်လာတော့ တလအတွင်းမှာပဲ သူဟာ အရင်လိုမဟုတ်ပဲ ဆံပင်ဖြူလာခြင်း၊ ရုပ်ရည်က ရင့်လာသလိုမျိုးမြင်လာပါတယ်။ ဒီတာဝန်ယူမှု၊ လုပ်ငန်းကြီးတွေထမ်းဆောင်ခြင်းဟာ လူတယောက်ရဲ့ ရုပ်ရည်စိတ်ရည်ကို ဘယ်လောက်ထိလွှမ်းမိုးသလဲဆိုတာ ထင်မြင်ချက်ကလေး သိချင်ပါတယ်ဆရာ။ ဒီ့အတွက် ကျနော်တို့အနေနဲ့ ဘယ်လို နေသင့်ပါသလဲ။ ကျေးဇူးအများကြီးတင်ပါတယ်။ ခပ်တိုတိုသာရေးပါရစေ

လေးဘက်နာ သို့မဟုတ် စစ် နှင့် စက်

Image
မင်္ဂလာပါဆရာရှင့် ကျမအမအတွက်မေးပါရစေ။ အသက်က ၃၇ပါ။ ခင်ပွန်းရှိ။ ကလေး၃ယောက်မိခင်ပါ။ သူက ငယ်ကနေခုထိ အာသီးယောင်တယ်။ လည်ပင်းအစေ့တပ်ဆိုပြီး နွေရာသီရောက်တိုင်းဖြစ်နေတာ အတော်ကြာပါပြီ။ အနှစ် ၃၀ လောက် ကြာနေပါပြီ ဆေးထိုးလိုက်သက်သာလိုက်နဲ့ပါ ခုတော့ သွေးစက်တာ လေးဖက်နာလို့ပြောပါတယ်။ လေးဖက်နာပိုး ၁၆၀ ကျော်ရှိတယ်ပြောပါတယ်။ ပင်နီစင်လင် ၃လ သောက်ခိုင်းတယ်ပြောတယ်ဆရာ။ ခုသူ့သမီးအကြီးလည်း နေမကောင်းဖြစ်ပြီး အာသီးယောင်နေတယ်။ ဆေးခန်းပြပြီး သွေးစက်ရပြန်တယ် အသက်က ၁၅ နှစ်ပါ ဒီလိုတခါမှ မဖြစ်ဖူးပါဘူး သွေးစက်ဖြေက လေးဖက်နာ လို့ပြောပါတယ်တဲ့။ သူမေထက် လေဖက်နာပိုးများတယ် ပြောပါတယ်တဲ့။ ပင်နီစင်လင် တနှစ်သောက်ခိုင်းပါတယ် အဲဒါ ဆေးသောက်ရမှာကြောက်ပြီး သေချာ ရောဂါအကြောင်း နားမလည်လို့ ကျမဆီ့ ဆရာကိုကူညီမေးပေးပါဆိုလို့ ဆရာဖြေပေးပါရှင်။ အမှားပါရင် ပြင်ပေး ဖြေကြားပေးပါ ရိုသေစွာမေးလိုက်ပါတယ် ဆရာသက်ရှည်ကျမ္မာပါစေ။ Rhumatic links လေးဘက်နာစာများ https://doctortintswe.blogspot.com/2017/12/rhumatic-links.html ASO ဆိုတာ ပိုးမဟုတ်ပါ https://doctortintswe.blogspot.com/2014/11/aso.html သွေးစက်လို့ တကြိမ်မကရေးလို့ စာရိုက်မှားတာတော့ မဟုတ်။ သ

Eat and Use ထမင်း သုံးဆောင်ပါဦး

Image
ဆရာခင်ဗျား ကွန်ဒွန်သုံးမဆောင်ဘဲ့ မေးခွန်းကို အစအဆုံး မထည့်တော့ပါ။ မြန်မာလို စာရေးကြတာ စကားပြောဆိုကြတာတွေ အတော်ကို လွဲမှားနေကြကြောင်း မေးခွန်းတွေနဲ့ ဖေ့စ့်ဘွတ်မှာ ရေးတာတွေဖတ်ပြီး သိရတယ်။ အလွန်စိတ်မကောင်းဖြစ်ရတယ်။ သုံးဆောင်ဆိုတာ စားသောက်တာမှာသာ သုံးရတယ်။ ကွန်ဒွမ် (ကန်တော့ပါ) ကိုပြောရင် သုံးစွဲတာလို့ ရေးရတယ်။ သုံး တစ်-နှစ်-သုံး လက်သုံးတော် သုံးဂဏန်း သုံးစွဲသည် သုံးစားသည် သုံးဆင့်ပန်း သုံးဆယ်မြို့ သုံးထပ်သား သုံးပုံဖဲ သုံးဖန်လှပန်း သုံးဖြုန်း သုံးလူ့တန်ဆောင် သုံးလူ့ရှင်ပင် သုံးလူ့ဆွေ သုံးသပ်ဆင်ခြင် သုံးဆောင်သည် သုံးထောင့်အိုင်ချင်း သုံးနှုန်း သီတင်းသုံးသည် အသုံးချွေတာပါ ဥတုသုံးလီ ဒေါက်တာတင့်ဆွေ ၂၇-၂-၂ဝ၁၈

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ

Image
(ကန်တော့ပါ) ၁။ အသက် ၂၃ ကျား။ ဆရာ ကျန်ခဲ့တဲ့ရက်ကလည်း ဆရာဆီ STI နဲ့ ပတ်သက်ပြီး စာရေးမေးခဲ့ပါတယ်။ လွန်ခဲ့သော ၃ပတ်ခန့် က အကာအကွယ်နဲ့ ဆက်ဆံခဲ့ပါတယ်ဆရာ။ တပတ်ခန့်ကြာတော့ ဆီးသွားရတာ အဆင်မပြေလို့ ကာလသားရောဂါတိုက်ဖျက်ရေးဌာနက ကျနော်ကို gonorrhea ဖြစ်နေလို့ Antibiotic ပေးခဲ့ပါတယ်။ Gonorrhea က သက်သာပါတယ်ဆရာ။ ယနေ့ ကျနော့်လက်မောင်းနှင့် လက်မှာ အနီပြင်လေးတွေ ထွက်လာတယ်ဆရာ။ ပုံပါထည့်ပေးထားပါတယ်။ HIV rash ဖြစ်နိုင်လားဆရာ။ ကျနော့်ကို ဖြေ ကြားပေးပါ ၂။ မင်္ဂလာပါဆရာ။ သမီးနာမည့့် ပါ။ အသက်က 23 ပါ။ HIV ပိုးက လိင်ဆက်ဆံတာကတဆင့် ကူးစက်တာကို အချိန်ဘယ်လောက်ကြာရင်ရောဂါ လက္ခဏာပြပါသလဲဆရာ။ ရောဂါလက္ခဏာတွေက ဘယ်လိုပါလဲဆရာ။ HIV ဟာ ဗိုင်းရပ်စ်ပိုးကိုပြောတာဖြစ်တယ်။ AIDS ဟာ အဲဒီပိုးကြောင့်ဖြစ်လာတဲ့ ရောဂါအစုအဝေးကို ဆိုလိုတယ်။ HIV ပိုးက သွေး-အရည်ထဲမှာ ရှိနေပေမဲ့ ဘာမှမဖြစ်သေးဘဲ နေသေးတယ်။ ခုခံအားကျဆင်းလာမှသာ HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေဝင်လာတယ်။ အဲဒီအချိန်ရောက်မှ ခံစားရတာဖြစ်မယ်။ ဝင်လာတဲ့ရောဂါအရ ရောဂါလက္ခဏာ ဖြစ်မယ်။ တယောက်နဲ့ တယောက်မတူနိုင်ဘူး။ ချက်ချင်းဖြစ်လာတဲ့ HIV ကူးစက်ခြင်း

တပြည်သူ မရွှေထား

Image
တက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့စာအုပ်တွေဟာ ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားခေတ်မှာသာမက ကနေ့အထိတိုင် ထင်ရှားပြီး စာဖတ်သူတွေကို အလွန်စွဲလမ်းစေပါတယ်။ စာအုပ်တွေကို ပြန်ထုတ်ကြတယ်။ သတ်ပုံတွေကို ပြင်ထားကြတယ်။ စာအုပ်အဖုံးမှာ တစ်မဟုတ်ဘဲ ကြော်ငြာသူတွေက တစ်လုပ်ထားကြတယ်။ တပြည်သူ မရွှေထားကို တစ်ပြည်သူမရွှေထားလုပ်ထားကြတယ်။ လျှော်ကန်ပါရဲ့လာ့း့ ကျွန်တော့်ဆီမှာ မူရင်းစာအုပ်တချို့ရှိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့ သတ်ပုံနမူနာနည်းနည်းလောက်ကို တင်ပြပါတယ်။ ဟိုတခါတုန်းကကဲ့သို့ပင် https://doctortintswe.blogspot.com/2018/02/blog-post_76.html ဟိုတခါတုန်းကကဲ့သို့ပင် ငွေလရောင်မှ ရွက်ကြွေတောများကို ညိုလတ် မြင်သည်။ ဟိုတခါတုန်းကကဲ့သို့ပင် ညိုလတ်သည် ညင်သာစွာ စတင်သီဆိုသည်။ ငွေလာသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ၊ သရဖီသင်း နှင်းကလဲ့စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သည်းသည်းရုတ်ရုတ်၊ တဖြုတ်ဖြုတ်တချီ၊ နွဲ့ယဲ့ယဲ့ ဝဲကာတလီ့ စွန့်ခွာရသည့် နွေညများ https://doctortintswe.blogspot.com/2018/02/blog-post_96.html အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦ

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်

Image
အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ် ပါဠိတော် မြန်မာပြန့့် ၃၂။ နှစ်ဘဝသုံးဘဝ စသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် နှစ်ဘဝ၎င်း သုံးဘဝ၎င်း အမျိုးမျိုးတို့၌ ကျင်လည်ပြေးသွား၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်ဘဝ သုံးဘဝသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ၃၃။ တဘဝသာ ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် တကြိမ်သာလျှင် လူ့ဘဝ၌ဖြစ်၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို တဘဝသာလျှင် ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ တစ်မျိုးမှတစ်မျိုး၌ဖြစ်၍ မဟုတ်။ တစ်ဘဝသာ မဟုတ်။ တစ်ကြိမ်သာလျှင် မဟုတ်။ တစ်ဘဝသာလျှင် မဟုတ်။ ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများထက် မြန်မာစာ တော်ကြ

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်

Image
အဘိဓမ္မာပိဋကတ် ကထာဝတ္ထုပါဠိတော် မြန်မာပြန် ပဌမတွဲ သကဝါဒီ။ အမိဖြစ်၍ အမိမဟုတ်သော တစုံတယောက်သော ပုဂ္ဂိုလ်သည် ရှိပါသလော။ ပရဝါဒီ။ သြော် ရှိပါ၏။ သကဝါဒီ။ ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သော တစုံတယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ ပရဝါဒီ။ ဤသို့ကား မဆိုသင့်ပေ။ သကဝါဒီ။ အဖဖြစ်၍ အစ်ကိုညီဖြစ်၍ အစ်မ နှမ ညီမဖြစ်၍ မင်းမျိုးဖြစ်ပုဏ္ဏားမျိုးဖြစ်၍ ကုန်သည်မျိုးဖြစ်၍ သူဆင်းရဲမျိုးဖြစ်၍ အိမ်၌နေသူလူဖြစ်၍ နတ်ဖြစ်၍ လူမဟုတ်သော တစုံတယောက်သော ပုဂ္ဂိုလ်သည် ရှိပါသလော။ ပရဝါဒီ။ သြော် ရှိပါ၏။ သကဝါဒီ။ ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သော တစုံတယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။ ပရဝါဒီ။ ဤသို့ကား မဆိုသင့်ပေ။ တစ်စုံတစ်ယောက်သော မဟုတ်။ ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများထက် မြန်မာစာ တော်ကြတတ်ကြကုန်သော မြန်မာစာဆရာကြီးများ၊ စာရေးဆရာများ၊ ကဗျာဆရာများသိစေရန် ရိုသေလေးစားစွာဖြင့် - ဒေါက်တာတင့်ဆွေ ၂၅-၇-၂ဝ၁၆

Riskiest Medical Procedures သတိကြီးသင့်တဲ့ ခွဲစိတ်ကုသနည်း ၁၅ မျိုး

ခွဲစိတ်ဓါးကို လူတိုင်းက ကြောက်စိတ်ရှိကြတယ်။ ခွဲပေးတဲ့ဆရာဝန်ကိုလည်း သိတာမဟုတ်။ ခွဲစိတ်ကုသမှုကနေ နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ သေချာမသိ။ ဘေးကပြောတာတွေကလည်း တယောက်တမျိုး။ စိုးရိမ်စိတ်ကို လိုတာထက် မပိုသင့်ပါ။ တကယ်သိသင့်တာတွေတော့ သိထားသင့်တယ်။ ဆရာဝန်က ခွဲစိတ်ဖို့ ဆုံးဖြတ်တာတွေဟာ ယေဘုယျပြောရရင် စိတ်ချရတာတွေဖြစ်တယ်။ လေ့လာမှုလုပ်ထားတဲ့ ဆောင်းပါးတခုကို ကိုးကားပြီး ရေးပါရစေ။ အလွန်သတိကြီးဖို့လိုအပ်တဲ့ ခွဲစိတ်မှုနဲ့ စမ်းသပ်စစ်ဆေးနည်းတွေရှိတယ်။ ၁၅ မျိုးကိုရွေးပါမယ်။ တချို့နည်းတွေ မြန်မာပြည်မှာ လုပ် မလုပ် မသိပါ။ 1. Breast Reduction ရင်သားသေးအောင်လုပ်ခြင်းခွဲစိတ်ခြင်း 2. CT Scan စီတီစကန် ရိုက်ခြင်း 3. Organ Transplant ကိုယ်ခန္ဓာအစိတ်အပိုင်း အစားထိုးခြင်း 4. Penile Enlargement ယောက်ျားလိင်အင်္ဂါ ကြီးစေခြင်း 5. Epilepsy Surgery အတက်ရောဂါ ခွဲစိတ်မှု 6. Transvaginal Mesh အမျိုးသမီး ဗဂျိုင်းနာထဲ ဇကာထည့်ခြင်း 7. Gastric Bypass အစာအိမ် ဘိုင်ပတ်စ် ခွဲစိတ်ခြင်း 8. Spinal Tap ခါးရိုးဆစ်အရည် ဖေါက်ခြင်း 9. Cesarean Section ဗိုက်ခွဲ ကလေးမွေးခြင်း 10. Circumcision ပန်းအဖျား ဖြတ်ခြင်း 11. Cance

Pseudomonas infection ဆူဒိုမိုးနပ်စ် အင်ဖက်ရှင်

Image
ဆရာ ကျမအမျိုးသားကအသက် ၅၆နှစ်ပါ။ လျာကင်ဆာဖြစ်လို့ခွဲထားပါတယ် Stage 4A ပါ Third line ကီမိုသွင်းပြီးပါပြီ အစာအိမ်ပိုက်နဲ့ပါ ကင်ဆာကနည်းနည်းသက်သာပါတယ်။ pseudomonas ကြောင့် cystic fibrosis ဖြစ်နေတာမသက်သာလို့ပါ။ ကျမတို့လူနာရှင်တွေစုပြီ့း့ ကင်ဆာပရဟိတအဖွဲ့ထောင်ထားပါတယ်။ အနောက်တိုင်းဆေးနဲ့ စနစ်တကျကုသဖို့ ပညာပေးပါတယ်။ အခမဲ့ကင်ဆာအကြံပေးဆေးခန်းလဲဖွင့်ထားပါတယ်။ ကင်ဆာအထူးကုဆရာဝန်တဦးထိုင်ပေးပါတယ် လျာကင်ဆာ ခံတွင်းကင်ဆာ လည်ချောင်းကင်ဆာ အများစုဟာ အစာမဝင်တာကြောင့်ရယ် Infection ကြောင့်ရယ် အချိန်မတန်သေးဘဲအသက်ဆုံးရှုံးကြပါတယ် pseudomas နဲ့ cystic fibrosis အကြောင်းလေးကျေးဇူးပြု၍ရေးပေးပါဆရာ radiation fibrosis အကြောင်းလေးလဲရေးပေးပါနော် ကျမက့ ပါ အမျိုးသားရောဂါဖြစ်လို့ နည်းနည်းလေ့လာထားတာပါဆရာ။ မှားတာရှိရင်ခွင့်လွတ်ပါ။ ဆောရီး။ ရေးထားပြီသား မရှိသေး။ အချိန်ရှာပါဦးမယ်။ ဆူဒိုမိုးနပ်စ် အင်ဖက်ရှင်ဆိုတာ တွေ့တတ်တဲ့ Pseudomonas aeruginosa ဗက်တီးရီးယားကနေဖြစ်စေတယ်။ နေကောင်းနေတဲ့သူတွေမှာလည်း အဲဒီပိုးကရှိနေနိုင်တယ်။ တခါတလေ ဥပမာ ရေကူးသမားနား ခေါ်တဲ့ နားပိုးဝင်တာဖြစ်တယ်။ ဆိုးတယ်။ ရေကူးကန်၊ ရေချိုးစည်နေ အနီပြင်ထွက်တ

Questions မေးခွန်းတွေ

၁။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးရဲ့ အာနိသင်က အချိန်ဘယ်လောက်အထိ ကာကွယ်သလဲဆိုတာ သိချင်လို့ပါ ဆရာ ခဏခဏ တင်ထားပြီး။ ဘလော့မှာ ဖတ်နိုင်။ ၂။ ဆရာခင်ဗျာ မေးခွန်းရိုင်းသွားရင် တောင်းပန်ပါတယ်ခင်ဗျာ။ Ultrasound ရိုက်ရင် ကိုယ်ဝန် အနည်းဆုံး ဘယ်နှလရှိမှ Ultrasound မှာ ပေါ်န်ုင်ပါသလဲခင်ဗျာ။ အဆင်ပြေရင် ကျေးဇူးပြု၍ ပြန်ဖြေပေးပါအုံး ဆရာ ခဏခဏ တင်ထားပြီး။ ဘလော့မှာ ဖတ်နိုင်။ ၃။ မင်္ဂလာပါ ဆရာ အသက်က ၂၅ ဖြစ်တာက ၁နစ်ကျော်ပါပြီ နာခေါင်းကဖြစ်တာပါ လွန်ခဲ့တဲ့ တနစ်ကျော်လောက်ထဲက နာခေါင်းကခဏခဏပိတ်တယ် တခါတလေ အသက်ရှူကြပ်လောက်အောင်ပိတ်တယ် ဆေးခန်းပြတယ်ပြီးရင် ခဏလောက်သက်သာသွားတယ် နောက်ပိုင်းပြန်ပြန်ဖြစ်တယ် ဒါပေမဲ့ အရမ်းအဆိုးကြီးမဟုတ်ဘူးဆရာ လွန်ခဲ့တဲ့ ၅လလောက်စပြီးပိုဆိုးလာတယ် သတိထားမိတာကအဲကွန်းလေခံရင်ဖြစ်တာပဲဆရာ အဲကွန်းခံပြီးရင် နှာခေါင်းက တဖက်ကနှာသီးစရောင်တယ် ပြီးရင် အသက်ရှူကြပ်ပြီးကျန်တဲ့တဖက်ပါထပ်ရောင်လာတယ် နောက်ပိုင်း ဆေးသောက်လို့သက်သာလဲတဖက်ပဲဆရာ ကျန်တဖက်ကနှာသီးကအမြဲလိုလိုရောင်နေတယ် တခါတလေ သွေးစလေးတွေပါတတ်တယ် ပြီးတော့ အဲ့လိုအဲကွန်းခံပြီးနှာခေါင်းစပိတ်တာနဲ့ အလိုလိုအိပ်ချင်လာတယ် ခေါင်းတွေအုံလာတယ်ဘာအလုပ်မှမလုပ်ချင်တော့အေ