ကင်းဝေး ရန်ဘယာ

စုံကန္တာမြိုင်ကြီး ဘယ်ထီးမှမပါ စာအုပ်အဖုံးကို တွေ့လိုက်တယ်။ ကျေးဇူး။ ကိုအံကြီးဆိုတဲ့ သီချင်းတပုဒ်မှာလည်း အဲလို စာသားပါတယ်။

ကန္တာရဆိုတာ ခက်ခဲကြမ်းတမ်းတဲ့နေရာ စုံမြိုင်ဆိုတာ စိုစိမ်းအုံ့ဆိုင်းနေတဲ့သစ်ပင်တွေ ပေါက်ရောက်တဲ့တော။ လူ့ဘဝမှာ အဲလို မတူခြားနာတဲ့ ခရီးလမ်းတွေမှာ ဖြတ်သန်းရတတ်တယ်။ မြိုင်ကြီးထဲမှာ ဆောင်းစရာမပါတဲ့အခါ စလူရွက်ကိုသာ မိုးရတယ်။ စုံကန္တာနေပူခရီး ဘယ်ထီးမှ မပါပါတယ့့်။ စီးစရာဖိနပ်လည်း တခါတခါ မပါတတ်ကြပါ။ ခြေဖဝါးမှာပါ ခယောင်းတော ဖြစ်ရတတ်တယ်။

ဇာတ်ပွဲတွေမှာ မြိုင်ထကတာကို သဘောကျကြတယ်။ မင်းသားက အဆိုကောင်း အပြောကောင်း၊ မင်းသမီးကလည်း အကကောင်း။ လူ့ဘဝမှာ တကြိမ်တည်းသာ စုံတွဲကကြရပြီး ကချိန်က မကြာပါ။ ဘီလူးနဲ့ တွေ့ရတတ်တယ်။ ဗီလိမ်နဲ့ ရင်ဆိုင်ရတတ်တယ်။ ဇာတ်ပေါင်းခန်းတိုင်းမှာ ဇာတ်လိုက်က မနိုင်ပါ။

ငါးရာ့ငါးဆယ်ဆိုတာ များပြားရှည်ကြာသလို ထင်ရပေမဲ့ ကွင်းဆက်ပေါင်းက မရေမတွက်နိုင်အောင်ရှိတာ။ ဘဝကမျိုးကလည်း စုံလှတယ်။

ဖြူနီပြာဝါ ရောင်စုံဖြာ့ ကင်းဝေး ရန်ဘယာ။

https://www.youtube.com/watch?v=fBVoD0wTf5g&list=PLavZo2qqHUNzdHQJK4Q3JoYjiibwYZ9tS&index=2

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၈

Comments