တစု တရပ် သတ်ပုံ မှတ်ကြကုန်

ဇဗ္ဗူကွန်ချာကျမ်းပါ ဟံလင်း ရတနာပူရ သုနာပရန္တမှ ပျုတို့ ရခိုင် ထားဝယ် တနင်္သာရီသို့ ထွက်ခွာသွားကြပုံ

့ ၃ စု၊ ၃ မြို့ကွဲလေ၏။ ကုန်၏။ ရခိုင်ဓညဝတီသို့လည်း တစု၊ တနင်္သာရီသို့လည်း တစု၊ ထားဝယ်ပြည်သို့လည်း တစုကွဲ၍ ကြမ္မာသုံးမြို့ဖြစ်ကုန်၏။ မင်းကိုလည် မြေကြီးမျိုရာအရပ်ကိုလည်း ယခုတိုင်အောင် ငလျင်ကွဲဟူ၍တွင်၏။ တောင်ပို့ လူလူမြင်၏ဟူသည်ကို တောင်ဘီလူးဟူ၍ တွင်၏။ ထိုမင်းအမတ် သီရိစန္ဒာသည် ရှင်ရသေ့ကို ဆေးကြော သုတ်သင်မှ သွားလေ၏။ မြေကြီးထံမှတ် ကြွင်းရစ်သည်ကား မန္ဓာဂီရိတောင် တရပ်၊ မန္ဓာဂီရိဆိုသည်ကား ကြက်ယက်တောင်ကို ဆိုသည်။ ငှက်ကြီးထီးလှိုင်ကာအရပ် တရပ်၊ ထီးလှိုင်ရှင်ဂူကို ဆိုသည်။ ခြင်္သေ့အရပ် တရပ်။ တံတားဦးကို ဆိုသည်။ တောင်ဘီလူး တရပ်၊ ဤမြေလေးရပ်သည် အမျှချည့်တည်၏။ ပျက်သောအခါလည်း မတရားသောသူတို့ ပါလေကုန်၏. တရားသောသူတို့ ကြွင်းလေကုန်သတည်း။့

မှတ်ချက် - တစု တရပ် သတ်ပုံ မှတ်ကြကုန်။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၈
ပုံ = ဈာန် သစ် အောင် - ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး