နိုင်ငံတဝန်း

နှစ်ရက်သုံးရက်လောက်ရှိပြီ၊ တယောက်ပြီးတယောက်က တင်နေကြတာ။ သတင်းသာ စိတ်ဝင်စားကြပုံရတယ်။ ကျွန်တော်က သတ်ပုံပါ ဖတ်တယ်။ ကျွန်တော်တို့မြန်မာစာသင်စဉ်က မြေပြင်တဝန်း၊ နိုင်ငံတဝန်းလို့သာ ရေးပါတယ်။

ဝန်း
ကျယ်ဝန်းသည်
ပတ်ဝန်းကျင်
မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ
မျက်ဝန်းလဲ့ပြာပြာ
ဝန်းကျင်
ဝန်းကျင်တခို
ဝန်းကျင်ပတ်လည်
ဝန်းပတ် = ဝန်းလျား = ခြံရံသည်
ဝန်းခြုံ
ဝန်းရံ
ဝန်းရံခြုံ၍
ဝန်းလည်
ဝန်းဝိုင်း
ဝန်းသိုမြို့
အဝန်းအဝိုင်း
ညောင်ပင်ဝန်းရွာ
ညောင်ဝန်းရွာ
နေဝန်း လဝန်း
မြေပြင်တဝန်း

တခြားသတင်းရေးသူတွေကတော့ သတ်ပုံမှန်ကြတယ်။
ပါတီများ နိုင်ငံတဝန်း ဝင်ပြိုင်ရန် အင်အားမရှိ
နိုင်ငံတဝန်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေး
နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည်
နိုင်ငံတဝန်း မဲစပေး
နိုင်ငံတဝန်း လူဦးရေ တသိန်းနှစ်သောင်းကျော် ရေကြီးမှုဒဏ် ခံနေရ
နိုင်ငံတဝန်း အင်တာနက်လိုင်းများ ပြတ်

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး