တယ် နှင့် တရ်

၁။ သမီးအသက်က ၂၃ ပါရှင့် အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပီ ပထမ ၄ နှစ်ကျော်လောက်က OK သားဆက်ခြားဆေး နေ့တစ်လုံးသောက်ပါတရ် ခုတော့ ၈လပိုင်း၂၀၁၇ က လက်မောင်းထဲပိုက်ထည့်ထားပါတရ် ကန်တော့ပါဆရာ့ စိုးရိမ်မိပါတရ့့် ကျေးဇူးတင်ပါတရ်ဆရာရှင့်

၂။ ဆရာ သမီးအသက် က ၂၇ ထဲ မာပါဆရာ။ အိမ် ထောင်သက် ၂နှစ် ပြည့်တော့မရ်။ အခု ကလေးလိုချင်လို့ပါဆရာ။ ရာသီကလည်း မမှန်။ ရက်ရှောင်နည်းတွေနဲ့ တူတူနေပါတရ်။ အခု ရာသီမလာတာ ၃ လ ပြည့်တော့မရ်။ သူများပြောတာ တော့ ရာသီမှန်မ ကလေးရနိုင်တရ်ပြောလို့ပါရှင့်။ အမှားပါရင် ကတော့ပါ ရှင့်။ ကျေးဇူးတင်ပါတရ်။ marvelon 28 သောက် ဖူးတရ်ရှင့်။

၃။ ကျေးဇူးတင်ပါတရ် ဆရာ ဆရာ့စာတွေ ဖတ်ရတာ သိချင်တာတွေရော မသိသေးတာတွေပါ သိရပါတရ် ဆရာကျန်းမာပါစေ။

၎။ သမီးလဲ အာ့လိုရောဂါမျိုးဖြစ်နေတရ်ထင်တရ်ဆရာ အမြင်အာရုံတွေလျှော့နည်းလာတရ် ခေါင်း တအား ကိုက်လာရင်ခေါင်းကိုအဝတ်စည်းထားမှနေနိုင်တရ် မှတ်ဥာဏ်တွေကတော်တော်လျှော့လာတရ်ဆရာ ဘရ်အရာကိုမှ မမှတ်မိတာ များတရ် စာတွေကျတ်ရင်ခေါင်းကိုက်တရ် ပြီးခေါင်းထဲကအသံတွေပါမြည်တရ်ဆရာ ဖျောက်ဖျောက်နဲ့ ဘေးကလူနားခေါင်လို့ရတရ်ဆရာ 😫

၅။ ဆရာရှင့် ကျွန်မ အသက် ၂၉ နှစ်ပါ။ အိမ်ထောင်ကျပြီးပါပြီ။ ၆ လလောက်ရှိပါပြီ။ ကလေးလိုချင်လို့ပါ။ အခု ညာဘက် အောက်နားက အောင့်အောင့်နေပါတရ်။ ကျောဘက်နားတွေလဲ အောင့်အောင့်နေပါတရ်။ ရာသီလာထားပါတရ်ဆရာ။ တားဆေးကဘာမှမသောက်ပါဘူး။ ဆရာဝန်လဲမပြပါဘူး။ လတိုင်းတော့ ရာသီလာပါတရ်။

မြန်မာစာမှာ တရ်လို့ရေးတာ မရှိပါ။ ဘရ်လို့လည်း မရှိပါ။ တယ်လို့သာရေးပြီး ဒယ်သံထွက်တယ်။ တရ်ဆိုရင် ဘိုသံလိုလို ကုလားသံလိုလိုထွက်ရမယ်။ အချင်းချင်း မပီကလာပြောတာတွေ၊ သတ်ပုံတလွဲရေးတာတွေကို မပြောလိုပါ။ ကျွန်တော့်ဆီ သတ်ပုံမမှန်တာရေးလာရင် ဖတ်ရတာ စိတ်ကသိကအောင့်ဖြစ်ရတယ်။

မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရှေးက ရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
ယုဂန္ဓိုရ်တောင်
ဝိဇ္ဇာဓိုရ်၊
မထေရ်၊
မာရ်နတ်၊
သောနုတ္ထိုရ်၊
အဂ္ဂင်္ုတ္ထိုရ်

တယ်
ခါတယ်
ချိုးတယ်
ချိုတယ်လူးနွား
တင့်တယ်လျောက်ပတ်
တယ်တိန်ညင်
တယ်ကြက်
တယ်လီဖုန်း
တယ်ကောင်းပါလား
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်

အဲလိုသတ်ပုံကို တမင်ဖျက်ရေးနည်းကို သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်းတွေအချင်ချင်းသာ ရေးလိုရင်ရေးကြပါ။ ဆရာဝန်ဆီတော့ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)