Roasted Duck ဘဲကင်

ဒီနှစ် နှမ်းဖတ်ချဉ်၊ မနှစ်က ဘဲကင်။

မနေ့က သမီးမကေးကေးက ချီကာဂိုသွားတာ ဟိုကနေဖုန်းဆက်တယ်။ ဘာဝယ်ခဲ့ရမလဲ။ ဘဲကင်။ ကနေ့စားကြတယ်။ ဗမာပီပီ ငါးခြောက်ဟင်းလေးလည်းချက်တယ်။ အသီအရွက်ကြော်လည်းပါ။ ကျွန်တော့်တွက်တာ ငရုပ်သီးစိမ်းထောင်းဗူး စားပွဲပေါ်က မရွေ့ပါ။ ပြောရ ပြရတာ အားတော့နာတယ်။ စားကောင်းတယ်။

ဘဲကင်လုပ်နည်း စာဖတ်ထားတာ။ အိုဗန်ထဲမှာ 375 F (190 C) အပူပေးပါ။ ဆား + ပက်ပါ + ပါပရီကာ သုတ်လိမ်းပါ။ ပြန်ကင်ပါ။ တနာရီကြာမယ်တဲ့။

ကျွန်တော်ငယ်ငယ်က မုံရွာမြို့ ရတနာပုံရပ်ကွက်မှာ အိမ်အရှေ့ဖက်လမ်းကြားလေးကနေ သာစည်လမ်းအတွက်ထိပ်မှာ ဘဲသားဟင်းလျာရောင်းတဲ့ ဆိုင်တဆိုင်ရှိတယ်။ ဘဲကင်စားတိုင်း အမှတ်ရတယ်။ အမေရိကန်တွေ အသည်းစွဲကြိုက်တဲ့ တာကီ ခေါ် ကြက်ဆင်ထက် ဘဲကင်ကိုပိုကြိုက်တယ်။

ပီကင်းဘဲကင်လို့ နှုတ်ကျိုးနေကြတာများတယ်။ ထိုင်းကနေပြန်ရင် ဝယ်လာတယ်။ ဒေလီမှာလည်း တခါတခါစားရတယ်။ တရုပ်ပြည်ကို တခေါက်ရောက်တော့ ကွေ့မင် ခေါ် ကူမင်းကနေ အတော်ဝေးဝေးကားနဲ့သွားကြတယ်။ တလမ်းလုံး ဘဲကင်ဆိုင်တွေချည်းပဲ။ အကောင်းဆုံးဆိုတဲ့ဆိုင်မှာ ထိုင်စားကြတယ်။ တကယ်ကောင်းတယ်။

ဘဲကင်လည်း ကောင်း၊ နှမ်းဖတ်ချဉ်လည်း ကောင်းတယ်။
ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၇
၂ဝ-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး