ဤကို ကျွဲဖတ်တဲ့ခေတ်

ပြည်ထောင်စုနေ့ကို တက်ရောက်ချီးမြှင့်တဲ့ သံအမတ်ကြီး ဦးအောင်လင်း၊ အင်ဒီယာနာပုလစ်မြို့မှာပဲနေတဲ့ ဦးမျိုးဝင်းတို့နဲ့ အမှတ်တရ

ကိုမျိုးဝင်းကလည်း မြန်မာစာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တဲ့သူ။ သူ ရန်ကုန်ဆိပ်ကမ်းမှာ လုပ်ရစဉ်က ကြောငြာ သင်ပုန်းတွေပေါ်မှာ မှားရေးထားတဲ့ မြန်မာစာသတ်ပုံတွေကို အရောင်တူမြေဖြူတွေ အိတ်ထဲထည့်ယူပြီး လိုက်ပြင်ခဲ့သတဲ့။

ကျွန်တော်ကတော့ ဖေ့စ်ဘွတ်ပေါ်မှာ ပြင်စရာတွေကို လက်ညှိုးနှစ်ချောင်းနဲ့ ပြင်နေတာ လက်ထိပ်တွေမှာ အသားမာ ဖြစ်နေပြီ။ မြန်မာစာကတော့ ကျွဲပခုံးထနေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး