PEP အရေးပေါ် HIV ကာကွယ်ဆေး

ဆရာ့ Block တွေထဲမှာ PEP သောက်ထားရင် တနှစ်ကြာမှ ပေါ်တက်တယ်လို့ တွေ့ပါတယ်ဆရာ။ အဲ့ဒါ PEP 28 ရက် သောက်ထားတဲ့သူတိုင်း 1 နှစ်ပြည့်အောင်စောင့်မှ hiv ရှိ မရှိ သိရတာလားဆရာ။ ပုံမှန်က သုံးလ ခြောက်လ ပြောနေကြပေမယ့် PEP 28 ရက်သောက်ထားသူ သွေးစစ်ချိန်ကိုက အမျိုးပြောနေကြလို့ ရှင်းရှင်းလင်းလင်းသိချင်လို့ ဆရာ့ကိုမေးတာပါခင်ဗျာ။ စာရှည် အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဆရာ။

Block မဟုတ်။ Blog ဖြစ်တယ်။ PEP ဆိုတာ HIV ကာကွယ်ဆေးဖြစ်တယ်။ စစ်ရင် မပေါ်အောင်လုပ်တဲ့ဆေး မဟုတ်။

စာတွေကို ဘယ်သူရေးသလဲ သိသင့်တယ်။ အရပ်ဆရာလား ဆရာဝန်လား။

ညတုန်းက ဘလော့လိုက်တဲ့သူတယောက်ရေးတာမှာ HIV ကို ခုခံအားကောင်းနေရင် စစ်လို့မပေါ်ဘူးဆိုတာဟုတ်သလား မေးတယ်။ အထူးကုဆရာဝန်ကပြောရင် မှန်လို့ဖြေတယ်။ အဲလိုဖြေတာကို မေးတဲ့သူကနားမလည်တဲ့။

သားဖွားမီးယပ်ရောဂါအကြောင်း ရေးကြတာ တင်ကြတာ ပြောကြတာဟာ မှန်ပါသလားမေးရင် အိုဂျီကပြောတာဆိုရင် မှန်လို့ဖြေတယ်။ ကလေးကျန်းမာရေး ရေးကြတာ တင်ကြတာ ပြောကြတာဟာ မှန်သလားမေးရင် ကလေးအထူးကုက ပြောပါသလားလို့ ပြန်မေးပါတယ်။ အဲလိုဖြေတာကို တချို့က နားမလည်ကြ။

ဘယ်အကြောင်းအရာကို ဘယ်လိုလူက ပြောသလဲ မစူးစမ်းတဲ့အကျင့်ကို ပြင်စေချင်တယ်။ သတင်းလဲ အမှားတွေ။ တရားစာလည်း သတ်ပုံမမှန်တာတွေ။ ကျန်းမာရေးလည်း အချက်အလက်အလွဲတွေ နေ့တိုင်းတင်ကြတယ်။ ဝေကြတယ်။ လက်ခံလိုက်နာကြတယ်။ ရောင်းရင် ဝယ်ကြတယ်။ အွန်လိုင်းကမှာကြတယ်။ အတွေးအခေါ်အယူအဆ စဉ်းစားဆင်ခြင်မှု အားနည်းခြင်းဟာ နာတာရှည်ကပ်ရောဂါဖြစ်နေတယ်။ ဆောရီး။

PEP ကို nPEP လို့ ယူအက်စ်အေမှာ ခေါ်တယ်။ HIV ပိုးနဲ့ ထိတွေ့မှုဖြစ်ပြီး ၇၂ နာရီအတွင်းဆေးသောက်နည်းဖြစ်တယ်။ ၂၈ ရက်ကြာသောက်ရတယ်။

Tenofovir disoproxil fumarate (tenofovir DF or TDF) 300 mg နဲ့ Emtricitabine 200 mg ဆေးအတွဲကို နေ့စဉ် ၁ ကြိမ် + Raltegravir (RAL) 400 mg တနေ့ ၂ ကြိမ် သို့မဟုတ် Dolutegravir (DTG) 50 mg တနေ့ ၁ ကြိမ် သောက်ရတယ်။

ဒုတိယနည်းကတော့ tenofovir DF (300 mg) နဲ့ emtricitabine (FTC) (200 mg) ဆေးအတွဲ တနေ့ ၁ ကြိမ် + darunavir (DRV) (800 mg) နဲ့ ritonavira (RTV) (100 mg) တနေ့ ၁ ကြိမ်။

ထပ်ပြောပါရစေ။ PEP ဆေးပေးတာက အရေးပေါ် HIV ကာကွယ်ဆေးဖြစ်တယ်။ ဆေးစစ်လို့ မပေါ်အောင်လုပ်ဆေး မဟုတ်ပါ။

Centers for Disease Control and Prevention, U.S. Department of Health and Human Services 2006 ကို ကိုးကားထားတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈

ART and PEP ဆေးနည်းတွေ မတူကြပါ

အဲ့ဒီ Page ပါဆရာ အဲ့ဒါဆရာ့ Blog မှာရေးထားတာ မရှင်းလို့ မေးမိတာပါဆရာ

အဲတာက ကူးစက်ထားသူအတွက် ကုသဆေးဖြစ်တယ်။ ကြိုတင်ကာကွယ်ဆေး မဟုတ်။ ဆေးမစစ်ဘဲ အဲလိုဆေး သောက်သူကို ဆေးစစ်တဲ့အခါ + ခေါ် Reactive တွေ့ဘို့ စောင့်ရတာကို ရေးထားတာဖြစ်တယ်။

PEP ဆေးက အရေးပေါ် HIV ကာကွယ်ဆေးဖြစ်တယ်။ ကုသဆေးပေးနည်းကို ARV နဲ့ ART လို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး