Myanmar နာမ် နှင့် နာမဝိသေသန

ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ မြန်မာစကားပြောကျောင်းသား၊ စပိန်စကားပြောကျောင်းသားနဲ့ အာရတ်စကားပြောကျောင်းသားတွေ တက်နေကြတယ်။ အထက်တန်းအဆင့်သာဖြစ်လို့ အင်္ဂလိပ်စာကို သဒ္ဒါ၊ အဖတ်၊ နားထောင်တာနဲ့ အရေးအသား သင်ပါတယ်။

သင် အမေရိကားကိုရောက်တာ ဘယ်လောက်ကြာပြီလဲ မေးခွန်းကိုဖြေကြတဲ့အခါ၊ အမေရိကန် နဲ့ အမေရိကား မှားနေရင် ပြင်ပေးရတယ်။

ကျနော် တရုပ်အစားအစာကို ကြိုက်သည်လို့ ဖြေကြတဲ့အခါ ချိုင်းနီးစ် နဲ့ ချိုင်းနားကို ပြင်ပေးရတယ်။

ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်၊ မြန်မာပြည်ကလာသည်၊ မြန်မာ့အစားအစာကိုကြိုက်သည်၊ မြန်မာစကားပြောသည်ကို ဖြေကြရင်တော့ တိုင်းပြည်ရော လူမျိုးရော၊ နာမ်ရော နာမဝိသေသနပါ မြန်မာချည်းသာဖြစ်နေလို့ တခြားတိုင်းပြည်တွေက ကျောင်းသားတွေက အံ့သြနေကြတယ်။ ကျွန်တော်က ပြင်မပေးရဲပါ။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၇
၂၈-၂-၂ဝ၁၈

I am Myanmar လွှစင်ပေါ်ကမြန်မာ

တိုင်းပြည်နာမည်ကို Myanmar လို့ပြောင်းပြီးကတည်းက တိုင်းတပါးသားတွေကို I am Myanmar, I speak Myanmar and I live in Myanmar မြန်မာမိုးမွှန်အောင်ပြောနေကြတယ်။ နားထဲမှာ တမျိုးကြီးပဲ။

I am English, I speak English and I live in English country (England) လို့သာပြောရပါတယ်။

I saw a saw in a saw ကိုအမှတ်ရစေတယ်။ မြန်မာပြည်မှာတော့ I saw a saw on a saw လို့ပြောကြတယ်။ လွှစင်ပေါ်မှာ လွှတချောင်းကို မြင်ခဲ့သည်လို့ပြောချင်ပုံရတယ်။ လွှစင်လို့ အဓိပ္ပါယ်မရပါ။ နားထောင်တဲ့သူကို ဆွဲဆောင်ချင်လို့ တမင်ပြောတဲ့ဝါကျသာဖြစ်ပါတယ်။ မမှန်ပါ။ မှန်တယ်ဆိုအုန်းတော့ မခန့်ပါ။

I saw a saw in a saw ဆိုတာက နာမည်ကြီးတဲ့သူမှာလည်း ပြဿနာတွေ ရှိတယ်တဲ့။

I saw a saw sawing a saw နဲ့ I saw a cut in a saw လို့လည်း ပြောကြတာရှိတယ်။

I saw a saw which could not saw ပုံထဲကစာ ဆိုလိုတာက ဖြတ်လို့မရတဲ့လွှကို မြင်ခဲ့သည်တဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ လွှတိုက်လို့ လွှဆွဲလို့မရတဲ့ လွှတွေက များတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၆
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး