စပ် နဲ့ စက်

(ကန်တော့ပါ)

၁။ မင်္ဂလာပါဆရာ။ ကျွန်မကိုယ်ဝန် ၃၇ ပတ်ထဲမှာပါ။ ကျွန်မဆီးစက်တွေကိုက်ပြီး ဆီးကျင်နေလို့ နေရတာမကောင်းဘူး။ ခါးတော့မနာဘူးဆရာ။ ကလေးတိုးရင် ဆီးစက်ကိုတ်တယ်ဆရာ။ ဘာဖြစ်တတ်လဲဆရာ။

ဆီးစပ်လို့ ရေးရတယ်။
စက်
စက္ကန့်
စက္ကူ
စက်ချုပ်သည်
စက်ဆုပ်စရာကောင်းသည်
စက်တင်ဘာလ
စက်တန့်ရောဂါ ပျောက်ခဲသည်
စက်ပုန်းခုတ်နေသည်
စက်ဘီး

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
ကလေးကို သင်္ကန်းဆီးပေးပါ။
ဆီးခုံက နာတယ်။
ဆီးချုပ်နေပါသလား။
ဆီးချိုရောဂါ စစ်ထားပါ။
ဆီးချူပေးမယ်။
ဆီးစပ်မှာ အလုံးရှိနေတယ်။
ဆီးတန့်ထားလို့ ဆက်သွားမရပါ။
ဆီးဖြူသီး စားမလား။
ဆီးဝမ်းလေ မှန်ပါသလား။
ဆီးသီးကောင်းကောင်း စားချင်တယ်။
ဆီးနှင်းတွေ ကျနေတယ်။
တားဆီး ပိတ်ပင်ထားသည်။
လူဆိုးကို ဖမ်းဆီးပါ။
ဧည့်သည်ကို ဆီးကြိုပါ။

၂။ ဆရာရှင့် ကျမအသက် ၃၈ ပါ။ အမျိုးသားနှင့်အတူနေတိုင့်း့ က အရမ်းပူစက်စက်ဖြစ်နေလို့။့ အမှားပါရင် တောင်းပန်ပါတယ်။

ပူစပ်စပ်လို့ ရေးရ။

စပ်ကျိန်းကျိန်းဖြစ်နေသည်။
စပ်တဲ့ငရုပ်သီးကို စက်ထဲထည့် ကြိတ်ပါ။
စပ်ပူစပ်လောင်နေသည်။
စပ်ဖျဉ်းဖျဉ်းခံစားရသည်။
စပ်ကြား၊
စပ်ဖြဲဖြဲလုပ်မနေပါနဲ့။
စပ်ယှက်။
စပ်ရှိန်းပူရှိန်းနေသည်။
စပ်ကြောင်း၊
သည်မေးခွန်းနဲ့ စပ်လျဉ်းပြီးဖြေရန်မရှိပါ။
ဟိုစပ်စပ် သည်စပ်စပ်မလုပ်ပါနဲ့။
ရှေ့နဲ့နောက် ဆက်စပ်မှုရှိပါသလား။

ကဗျာစပ်ကောင်းသော်လည်း သတ်ပုံမှားရေးသည်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ