Anti-depressants စိတ်မကျဆေးများ သုတေသနသတင်း

 ကနေ့ထွက်ပါတယ်။ စိတ်မကျဆေးတွေဟာ ထင်တာထက်ထိရောက်တယ်လို့ ဆိုပါတယ်။ အကြီးစားလေ့လာမှုလုပ်ပြီး အဲလို ပြောနိုင်တာဖြစ်တယ်။

လူနာပေါင်း ၁၁၆၄၇၇ ယောက်ကို လေ့လာမှု ၅၂၂ ကြိမ်လုပ်ခဲ့တယ်။ စိတ်မကျဆေးအမျိုးပေါင်း ၂၂ ခုကို စမ်းတယ်။ ဆေးတွေကထိရောက်မှု မတူကြပါ။

အင်္ဂလန်နိုင်ငံမှာ ၂ဝ၁၅ ခုနှစ်အတွင်း စိတ်မကျဆေး ဆေးလက်မှတ်ပေါင်း ၆၄့၇ သန်းရေးပေးခဲ့ရတယ်။ ၂ဝဝ၆ ခုနှစ် တုန်းကတော့ ၃၁ သန်းသာပေးရတယ်။

အထိရောက်ဆုံးဆေးများ
• agomelatine
• amitriptyline
• escitalopram
• mirtazapine
• paroxetine

ထိရောက်မှုအနည်းဆုံးဆေးများ
• fluoxetine
• fluvoxamine
• reboxetine
• trazodone

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်