Seasonal Flowers and Events မြန်မာ့ ဆယ့်နှစ်လရာသီ

မြန်မာ့ဆယ်နှစ်ရာသီပန်းများ
• တန်ခူးလ = ကံ့ကော်ပန်း၊ ပိတောက်ပန်း၊
• ကဆုန်လ = စကားဝါပန်း၊
• နယုန်လ = စပယ်ပန်း၊
• ဝါဆိုလ = ပုန်းညက်ပန်း၊
• ဝါခေါင်လ = ခတ္တာပန်း၊
• တော်သလင်းလ = ယင်းမာပန်း၊
• သီတင်းကျွတ်လ = ကြာပန်း၊
• တန်ဆောင်မုန်းလ = ခဝဲပန်း၊
• နတ်တော်လ = ဂမုန်းပန်း၊ သဇင်ပန်း၊
• ပြာသိုလ = ခွာညိုပန်း၊
• တပို့တွဲလ = ပေါက်ပန်း၊
• တပေါင်းလ = သရဖီပန်း။

နိုင်ငံတကာဆယ်နှစ်ရာသီပန်းများ
• January birth flower is Carnation
• February birth flower is Violet / Iris
• March birth flower is Daffodil
• April birth flower is Sweet Pea and/or Daisy
• May birth flower is Lily
• June birth flower is Rose
• July birth flower is Larkspur / Delphinium
• August birth flower is Gladiolus
• September birth flower is Aster
• October birth flower is Marigold
• November birth flower is Chrysanthemum
• December birth flower is Narcissus or Poinsettia

Seasonal Flowers and Events မြန်မာ့ ဆယ့်နှစ်လရာသီ
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။
တန်ခူး ရေကုန်၊ ကဆုန်ရေခန်း။
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့။
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်။
ဝါကဆုန် နှမ်း နယုန်။
နယုန်မိုးသေး မြက်သားမွေး။
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်။
ဝါခေါင်တကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။
ဝါခေါင် မိုးစိပ် ထွန်တုံးပိတ်။
တော်သလင်းညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။
တော်သလင်းနေ ပုစွန်သေ။
တော်သလင်းမိုး ကန်သင်းကျိုး။
တော်သလင်းမြစ်တွင်း သင်ဖြူးခင်း။
သီတင်းကျွတ်တွင် ၊ ပလ္လင်ဆေးမိုး ၊ ရွာသွန်ဖြိုး။
တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်။
တန်ဆောင်မုန်းမိုး၊ ကန်ကျိုးအောင်ရွာ။
တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ။
တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ။
မီးပန်းပွင့်တုန်း တန်ဆောင်မုန်း။
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။
ပြာသိုတချက် တလင်းဖျက်။
ပြာသိုလမိုက် ကဏန်းတိုက်။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ ကျန်မိုးကြွင်း။
တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း။
တပေါင်း၊ တန်ခူး၊ လေရူးဆော်။
တပေါင်းလည်းကူး မိုးသားကျူး။
တပေါင်းသာခေါင် လများနောင်။

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ
တန်ခူးလ သင်္ကြန်ပွဲတော်။ ရာသီပန်း ကံ့ကော်ပန်း။ ပိတောက်ပန်း။

ကဆုန်လ ညောင်ရေသွန်းပွဲတော်။ ရာသီပန်း စကားဝါပန်း။

နယုန်လ စာပြန်ပွဲတော်။ ရာသီပန်း စပယ်ပန်း။

ဝါဆိုလ ရဟန်းခံရှင်ပြုပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ။ ရာသီပန်း ပုန်းညက်ပန်း။

ဝါခေါင်လ စာရေးတံမဲပွဲတော်။ ရာသီပန်း ခတ္တာပန်း။

တော်သလင်းလ လှေပြိုင်ပွဲတော်။ ရာသီပန်း ယင်းမာပန်း။

သီတင်းကျွတ်လ မီးထွန်းပွဲတော်။ ရာသီပန်း ကြာပန်း။

တန်ဆောင်မုန်းလ ကထိန်ပွဲတော်။ ရာသီပန်း ခဝဲပန်း။

နတ်တော်လ စာဆိုတော်ပွဲ။ ရာသီပန်း ဂမုန်းပန်း။ သဇင်ပန်း။

ပြာသိုလ မြင်းခင်းသဘင်ပွဲတော်။ ရာသီပန်း ခွာညိုပန်း။

တပို့တွဲလ ထမနဲပွဲတော်။ ရာသီပန်း ပေါက်ပန်း။

တပေါင်းလ သဲပုံစေတီပွဲတော်။ ရာသီပန်း သရဖီပန်း။

မွေးရပ်မြေဆီ ဆယ်နှစ်ရာသီပန်းတွေ၊
နမ်းမွှေးလှ၊ နွမ်းလျှပြေပေ၊
တမ်းတလွမ်းရ မဆည်နိုင်ဆွေးရနေ၊
ပန်းများနဲ့အတူ ကျန်းခန့်သာလို့ မာကြစေ။     ။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး