China proposes to let Xi Jinping extend presidency beyond 2023

တရုပ် ခေါင်းဆောင်မှုသက်တမ်း သတင်း

လက်ရှိတရုပ်ခေါင်းဆောင်ဟာ အစဉ်အလာကို ချိုးဖေါက်လိုက်ပါတယ်။ စံချိန်ချိုးတယ်လို့လည်းပြောနိုင်တယ်။ တရုပ်ပြည်မှာ ထိပ်တန်းခေါင်းဆောင်တဦးဟာ သက်တမ်း ၂ ကြိမ်သာထမ်းဆောင်ခွင့်ရှိတယ်။ အခုတော့ ဇီဂျင်းပင်ဟာ တတိယအကြိမ်ပါ ရည်မှန်းနေပါပြီ။ ၂၅-၂-၂ဝ၁ဂ နေ့မှာ အဲဒီ ၂ ကြိမ်သာဆိုတဲ့ အတားအဆီးကို ပယ်ဖျက်လိုက်ပါတယ်။ မော်စီတုန်းကာလကိုပြန်သွားနေသလားလို့ အကဲဖြတ်တချို့က မှတ်ချက်ပြုကြတယ်။ တရုပ်ပြည်မှာ အဲလို ဖွဲ့စည်းပုံကို ပြင်တာက ရုတ်ရက်ထွက်လာတာဖြစ်တယ်။ သူတို့ဆီမှာက လွယ်လိုက်တာ။

သမတ ဇီဂျန်းပင်လက်ထက်မှာ တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံတခုဖြစ်လာတယ်။ တောင်တရုပ်ပင်လယ်ဒေသကို ပိုင်စိုးရေး ဖိအားဆက်ပေးထားတယ်။ အာရှခါးပတ်လမ်းမကြီးအယူအဆကို အကောင်အထည်ဖေါ်နေတယ်။

သူဟာ ၂ဝ၁၃ မှာထမ်းရွက်နေခဲ့တာဖြစ်ပြီး နောက်လမှာ ပဌမသက်တမ်းကုန်ဆုံးမှာပါ။ အသက် ၆၄ နှစ်ရှိနေပြီဖြစ်တဲ့ ဇီဟာ ၂ဝ၂၃ အလွန်အထိ ထမ်းရွက်မလို အသံထွက်တယ်။ သည်အတိုင်းဆိုရင် သူဟာ မြောက်ကိုရီးယားမှာလို ရာသက်ပန်လုပ်တော့မှာလား ထင်ကြေးပေးကြတယ်။

အမေရိကန်ဖွဲ့စည်းပုံမှာလည်း သမတတဦးဟာ ၂ ကြိမ်သာအရွေးခံခွင့်ရှိတယ်။ သမိုင်းမှာ ထူးခြားသူတဦးဟာရှိတယ်။ သမတ ဖရင်ကလင်ရု့စ်ဗဲ့လ်ဖြစ်တယ်။ ၁၉၄ဝ ကစပြီး စတုတအကြိမ်အထိအရွေးခံရတယ်။ နောက်ဆုံးသက်တမ်းမှာတော့ ဦးနှောက်သွေးကြောရောဂါနဲ့ တနှစ်သာထမ်းဆောင်လိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းလည်းဖြစ်တယ်။

ရုရှားမှာလည်း နမူနာရှိထားတယ်။ ဗလာဒီမာပူတင်ဟာ အခု တတိယအကြိမ် သမတလုပ်နေတယ်။ ပူတင်ဟာ ကေဂျီဘီ ခေါ် ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တယ်။ ၁၉၉၉ မှ ဝန်ကြီးချုပ်ဖြစ်လာတယ်။ ၁၉၉၉-၂ဝဝဝ မှ တာဝန်ခံ သမတဖြစ်လာတယ်။ ၂ဝဝဝ ကနေ ၂ဝဝ၄ မှာ ပဌမအကြိမ်သမတနဲ့ ၂ဝဝ၈ အထိ ဒုတိယအကြိမ်သမတအဖြစ် ထမ်းဆောင်တယ်။ ၂ဝဝ၈ ကနေ ၂ဝ၁၂ အထိဝန်ကြီးချုပ်ဆင်းလုပ်ပြီး၊ ၂ဝ၁၂ ကနေ ကနေ အခုထိ တတိယအကြိမ် သမတလုပ်နေတယ်။ သူတို့ဆီမှာလည်း ဖွဲ့စည်းပုံပြင်တာ လွယ်လိုက်တာ။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး