Chili grinding တောအရပ်နဲ့ တောအစပ်

မြိုင်မြို့နယ်အမတ်ကတော့ ဆရာကိုပို့ဖို့ ထမင်းကြမ်းနဲ့ငရုတ်သီး အဘိုးအိမ်မှာစားရတာ မမေ့ဘူးလို့ ပြောသွားတယ်တဲ့။

ငယ်ငယ်က နွေရာသီ ရွာအလည်ပြန်ရင် လင်းအားကြီးအချိန် ယာထွန်သွားတဲ့ဆီလိုက်သွားပြီး ဆော့ကစားတယ်။ နေမြင့်ချိန်မှာ အိမ်ကနေ ထမင်းကြမ်းလှုံ့နဲ့ ရေနွေးကြမ်းကို ခံတောင်းမှာထည့်ရွက်ပြီး လာပို့တဲ့အခါ ကန်သင်းဘေး သစ်ပင်ရိပ်မှာ ထိုင်စားခဲ့ရတာကို ခဏခဏပြန်အမှတ်ရတယ်။ ဘာအသားမှလည်း မပါ။ ထမင်းကြမ်းကြော်တာကို ကျွန်တော့်မွေးဇာတိမင်းရွာမှာ ထမင်းကြမ်းလှုံ့တယ်လို့ ခေါ်တယ်။

တည်းခိုတဲ့ဦးလေးအိမ်မှာ ရွယ်တူတွေနဲ့အတူ ငရုတ်သီးထောင်းကြတယ်။ တဖက်ခြံထဲက သံပရာ (သံပုရာ) သီးခူးပြီး ငရုတ်သီးထောင်းနီရဲရဲမှာ အရည်ရွှဲရွှဲညှစ်ကြတယ်။ အဲဒီတုံးကတော့ ဆော့ကြတာပါ။ အဲဒီဟင်းစပ်ကိုတော့ ခုထိ နှစ်သက်ပါတယ်။ တောအရပ်ကို မမေ့ပါ၊ တောအစပ်ကို မမေ့ပါ။

ပြည်ပနိုင်ငံရေးမှာ ဥရောပနိုင်ငံတွေကိုသွားရတိုင်း ငရုတ်သီးတမျိုးမျိုး အိမ်ကနေယူသွားလေ့ရှိတယ်။ သူတို့ဆီမှာ အစပ်မရှိ။ ကျွန်တော်ကတော့ ဆွီဒင်နိင်ငံက ဟော်တယ်တခုမှာ ကျူနာဆင်းဒဝှစ်ကို ငရုတ်သီးကြော်နဲ့ စားတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၇
၂၁-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ