Ethical Dilemma ဆရာဝန်မှာ တာဝန်ရှိသလား

အရေးကြီးလို့ ဖတ်ပေးကြပါ။ သူငယ်ချင်းတယောက်က သူ့အမျိုးသားနဲ့ မယူရသေးပါဘူး။ စစ်ကြည့်လိုက်တာ ကိုယ်ဝန် ၁ လခွဲရှိနေပါတယ်။ ABC စစ်ကြည့်တော့လည်း HIV+ ဖြစ်နေတာတွေ့ရတယ်ပေါ့။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရင် ကောင်းမလဲပေါ့။ သူကတော့ ကလေးကိုအတိတ်ဆိုးစီခေါ်မလာချင်ဘူးတဲ့။ အဲ့ဒါနဲ့ ဆေးရုံတွေဆီသွားပြီး ဖွင့်ပြောတယ်။ ဆေးရုံတွေကလက်မခံဘူး။ ရောဂါပိုးကျိန်းသေပါလာမယ့်ကလေးကို မွေးဖို့အကြံပြုတယ်။ အဲ့ကောင်မလေးဘက်က ပြန်ကြည့်တော့လည်း  ရောဂါပိုးရှိတဲ့သူအနေနဲ့ကလေးကို တသက်လုံး ကျွေးမွေးပြုစုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အစိုးရဆေးရုံတွေကလည်း ဘာကြောင့်မဖျက်ပေးရတာလဲ စဉ်းစားမရဘူး။ ရောဂါပိုးရှိနေလို့ ကလေးကို မမွေးချင်တဲ့ သူကိုရော ကလေးကိုပါ အသက်နှစ်သက်ကို ပြုစုပြီး အသေသတ်သလို ဖြစ်မသွားဘူးလား။ HIV အထူးကုဆေးရုံ ဆရာဝန်ပြောတဲ့စကားက ဘာတဲ့ ကလေးကိုမွေးလိုက်ပါ မကျွေးမွေးနိုင်လည်း မိဘမဲ့ဂေဟာတွေရှိတယ်တဲ့။ ကလေးဆီ ရောဂါမကူးအောင်တော့ ဆေးသောက်လို့ရတယ်တဲ့။ ပြီးရင် မကျွေးနိုင်ရင် ဂေဟာပို့ပေါ့တဲ့။ သူအာမခံသလား ဒီကလေးမှာ ပိုးမရှိပါဘူးလို့ ပိုးရှိခဲ့ရင်လည်း ဒီကလေးဘဝ တသက်လုံးနစ်မွန်းပြီ။ ထည့်မစဉ်းစားတော့ဘူးလား။ ရောဂါပိုးရှိတဲ့ ကာယကံရှင်မိခင်ရဲ့ဆန္ဒကို လိုက်လျော့ခွင့်မပြုပဲ ကလေးကို ဝေဒနာကာကွယ်ပြီး ကျန်းမာရေးမကောင်းတဲ့ မိခင်အသက်နဲ့ရင်း မွေးခိုင်းနေတာလား။ သူတို့မဖျက်ပေးလို့ ကာယံကံရှင်က ကိုယ့်ဘာသာ ဖြစ်သလိုဖျက်ချရင်ရော ဥပဒေနဲ့ငြိနေပြန်ရော။ ဒီလိုနဲ့ဖြစ်သလို ကိုယ်ဝန်ဖျက်ချပြီး သေသွားကြတာနဲ့ သေကောင်ပေါင်းလဲဖြစ်ပြီး အရေးပေါ် ဆေးရုံတွေရောက်ကြတာတွေ ရှိလာတယ်။ ကလေးတွေကိုစွန့်ပစ်တာတွေ မြန်မာနိုင်ငံမှာ တနေ့တခြား ပိုပိုများလာတာလဲ။ အဲ့အချက်တွေကြောင့်ထင်တယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေက ဘာလဲ ဘယ်လဲ။

ဆရာ ကူညီပါဦး။ ဘယ်လိုလုပ်သင့်သလဲဆိုတာ ကာယံကံရှင်ရော ကလေးရောသနားလို့ပါရှင့်။

တိုက်ရိုက်မေးတာမဟုတ်ရင် မဖြေပါ။ မေနည်းစည်းကမ်းအရ အသက်-ကျား-မ-အချက်အလက်တွေ လိုတယ်။ မှန်ဖြေတာ မလုပ်အပ်ပါ။ အတိတ်ဆိုးဆီလို့ ရေးရတယ်။

ဟုတ်ကဲ့ ဆရာ့ကိုမေးတာပါ။ သမီး Wall ပေါ်မှာလည်းတင်ထားလို့ပါဆရာရှင့်။ သူငယ်ချင်းပါ အသက် ၂၅ပါဆရာရှင့်။ ရန်ကုန်ကပါ။ သမီးကိုယ်တိုင်မဟုတ်လို့ သမီးသူငယ်ချင်းပါဆရာ။ ဆရာ့ကို ဘယ်လိုမေးရမလဲရှင့်။ သူ့နာမည့့် ပါဆရာ။ မိန်းကလေးပါ။ အသက်က ၂၅ ပါဆရာ။

ဆရာဝန်က ရောဂါအခြေအနေကိုသာပြောပါမယ်။ လူမှုရေးမှာ ဆရာဝန်တဦးချင်းရဲ့  သဘောသဘာဝရ အကြံပေးပါမယ်။ လူနာတွေကလည်း ဆရာဝန်ပြောတိုင်း လိုက်နာသူ တချို့သာရှိတယ်။ ဆရာကတော့ ကူးစက်မှုနဲ့ ဘယ်လိုနေထိုင် ကာကွယ်သင့်သလဲသာ ရေးတယ်။ အဲတာတွေကို တချို့သာ လိုက်နာနိုင်တယ်။ မြန်မာပြည်မှာ ကိုယ်ဝန်ဖျက်လိုသူ လျှောက်လွှာတင်နိုင်တယ် တင်တယ်။

ဟုတ်ကဲ့ဆရာ အခုလိုဖြေပေးတာကိုကျေးဇူးတင်ပါတယ်ရှင့်။ သူ့ကိုလည်းပြန်ပြောပြလိုက်ပါမယ်။ သူကတငိုငို တရီရီ ဖြစ်နေလို့ပါ။ ပြောပြာလိုက်ပါ့မယ်ဆရာရှင့်။ ကိုယ်ဝန်ဖျက်ချတာလျောက်လွှာတင်လို့ရတယ်ဆိုတာ မသိလို့ပါဆရာ။ ခုဆရာပြောပြမှသိခွင့်ရတာပါရှင့်။ အဲ့လိုဆိုတော့မဖြစ်သင့်တာတွေ မေဖြစ်တော့ဘူးပေါ့ဆရာရယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

အထက်က အမေး-အဖြေကို နေရာတခုမှာသွားနေတုန်း တက်ဘလက်ကနေ ရေးရလို့ စာရိုက်တာတွေမှာ အားနည်းခဲ့တယ်။ ဖြေရတာလည်း ခပ်လောလောဆန်နေခဲ့တယ်။ ဆောရီး။

ကိုယ်ဝန်ဖျက်ချတာကို မြန်မာပြည်မှာ ခွင့်မပြုပါ။ ကျန်းမာရေးအရ တကယ်လိုအပ်သူဆိုရင် ဘုတ်အဖွဲ့ကစဉ်းစားနိုင်တယ်။ အဲတာက သားကြောဖြတ်တာလိုပဲ။ HIV မိခင် (သို့) ဖခင်ဆိုတဲ့အချက်ဟာ ခိုင်လုံသလား ဆရာကတော့ မပြောနိုင်ပါ။

စာထဲပါဆရာဝန်ပြောတာ အမှားမပါပါ။ စေတနာတောင် ပိုသွားတယ်လို့ထင်ပါတယ်။ လူမှုရေးကိစ္စကို လူနာနဲ့ လူနာရှင်တွေကသာ ဆုံးဖြတ်ရတယ်။ ကိုယ်ဝန်ဖျက်ပေးစေချင်တာလား။ အဲတာက တရားမဝင်ပါ။ ကလေးမွေးလာရင် ဘယ်လိုလုပ်မလဲမေးရင် ရောဂါပါလာရင် တတ်စွမ်းတာ ကုသပေးမယ်။ အတူနေထိုင်သူတွေဘယ်လို မကူးစက်အောင် နေရမလဲမေးရင် ပြောမယ်။ ဥပဒေရှိတယ်။ ကျင့်ဝတ်ရှိတယ်။ ဝေဒနာရှိသူတွေကို ခွဲခြားမဆက်ဆံရလည်းရှိတယ်။

ဘယ်အရာမှ အာမခံချက်ဆိုတာ ၁၀၀ ရာနှုန်းမရှိပါ။ ကင်ဆာမှာသာ ၅ နှစ်နေနိုင်နှုန်းရှိတယ်။ HIV မှာ ကူးစက်မှု သုတေသနဆိုတာ နေရာနဲ့ အခြေအနေအရ မတူပါ။ အာမခံချက်ဆိုတဲ့ မေခွန်းဟာ ပညာရှင်ကိုမေးရင် ဖြေလေ့မရှိတာ များတယ်။ အလွယ်ဖြေတာကို ကျေနပ်နေသူ အမှားဖြစ်ရင် ကိုယ်ပဲခံရမယ်။ ဆောရီး။

ကျွန်တော် ဒေလီမှာ မြန်မာပြည်ကဒုက္ခသည်တွေအတွက် ဆေးခန်းလေးဖွင့်စဉ်က HIV ရှိတဲ့ မိဘတွေရဲ့ ကလေးတွေလည်း မွေးပေးခဲ့ရတယ်။ မွေးရာပါရောဂါပါလာတဲ့ကလေးကို အသက်ရှင်အောင် နေ့နေ့ညည ပြုစုမွေးမြူတဲ့ မိခင်တွေလည်း တွေ့ခဲ့တယ်။

မနေ့က ဆရာဝန်မတဦး ရင်ဖွင့်စကားပို့စ်တခုဖတ်ရတယ်။ ဆရာဝန်တွေဘဝဟာ ကျွန်တော်တို့ခေတ်က ခုခေတ်လောက် မဆိုးခဲ့ပါလားလို့ နားလည်လိုက်ရတယ်။ ဆောရီး။

How to live with HIV-positive person အတူနေမယ် မကူးစေရနဲ့ HIV Prevention ကာကွယ်ဆေးတွေကို ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၇
၂၄-၂-၂ဝ၁၈

Comments